အမျိုး သားဖြစ်သူအား သေနတ်ဖြင့် ချိန် ပြီး အမျိုးသမီးဖြစ်သူအား အဓမ္မ ပြု ကျင့်မှုဖြစ်ပွား


အမျိုး သားဖြစ်သူအား သေနတ်ဖြင့် ချိန် ပြီး အမျိုးသမီးဖြစ်သူအား အဓမ္မ ပြု ကျင့်မှုဖြစ်ပွား ဆေးရုံကိုလည်း ဆေးစစ် ချက်ယူပြီး ဆေးစာတွေ တောင်း ထားတယ် ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ရိုင်မြို့ရှိ ရော်ဘာခြံတစ်ခု တွင် အလုပ်လုပ်နေသော မြန်မာ ဇနီးမောင်နှံကို ထိုင်းစကားပြော ဆိုသည့် လူနှစ်ဦးက မြန်မာအမျိုး သားဖြစ်သူအား သေနတ်ဖြင့် ချိန် ပြီး အမျိုးသမီးဖြစ်သူအား အဓမ္မ ပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။ အောက်တိုဘာ ၂၇ ရက် ည ပိုင်းတွင် ရော်ဘာခြံအတွင်း ရော် ဘာခြစ်နေသော မြန်မာဇနီးမောင် နှံနှစ်ဦးထံ ထိုင်းစကားပြောဆို သည့် လူနှစ်ဦးရောက်လာပြီး အ မျိုးသားဖြစ်သူအား ရိုက်နှက်ကာ သေနတ်ဖြင့် ချိန်ပြီး အမျိုးသမီး ဖြစ်သူအား အဓမ္မပြုကျင့်သွား၍ ဟတ်ရိုင်ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားကြောင်း ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။ ‘‘ကျွန်တော်တို့ဆီကို လာပြီး အကူအညီ တောင်းတာပေါ့။ အမျိုးသားကို ရိုက်နှက်တာတွေ လုပ်တယ်။ အမျိုးသားရဲ့ ပြောပြ ချက်အရဆို သူ့အမျိုးသမီးက သူ့ နာမည်ခေါ်ပြီး  အကူအညီတောင်း နေတာ။ သူနဲ့ နီးနီးလေးဆိုတော့ ကြားရတယ်ပေါ့။ သူ့ကိုလည်း သေနတ်နဲ့ချိန်ထားတော့ ဘာမှ လုပ်မရဘူးပြောတယ်။ နောက်ပြီး မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ကလေး သုံးယောက်ရဲ့မျက်နှာကို ပေါ် လာလို့ မာန်လျှော့လိုက်ရတာလို့ ပြောတယ်’’ဟု ဦးထူးချစ်က ပြော သည်။ ထိုင်းစကားပြောဆိုသော လူနှစ်ဦးသည် ရော်ဘာခြံအတွင်း ကျန်ရှိသော မြန်မာဇနီးမောင်နှံ နေထိုင်သည့် အခန်းတစ်ခန်းသို့ ၀င်ရောက်ပြီး အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သေးပြီး အမျိုးသားဖြစ်သူက ထိုင်း စကားပြော၍ တောင်းပန်သောကြောင့် ပြန်ထွက်သွားသည်ဟု ဦးထူးချစ်က ပြောသည်။ ‘‘ဆေးရုံကိုလည်း ဆေးစစ် ချက်ယူပြီး ဆေးစာတွေ တောင်း ထားတယ်။ နှိပ်စက်ခံရမှုအတွက် ရော ဆေးစာတွေ တောင်းထား တယ်။ မြန်မာသံရုံးက အလုပ်သ မားသံအရာရှိ ဦးမိုးအောင်ခိုင်ဆီ လည်း အကျိုးအကြောင်းပြောပြ ထားတော့ သူလည်း စာရွက်စာ တန်းတွေအတွက် ကူညီပေးမယ် ပြောလာပါတယ်’’ဟု ဦးထူးချစ် က ပြောသည်။ 7daydaily
Powered by Blogger.