မောင်တော ဒေသအတွင်း အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူ ဘူးသီးတောင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့
နေပြည်တော် အောက်တိုဘာ ၂၇ ယနေ့ နံနက် ၇ နာရီတွင် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာရှိ အဒူလာ(ဘ) ဆူတာအာမတ်နဲ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ကြက်မောက်တောင် အနောက်ရွာနေ ဆွေတာမောက် (ဘ) ဖေရင်တို့ကို သူတို့၏နအိမ်အသီးသီးမှာ ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများသို့ စနစ်တကျ လွှဲပြောင်း အပ်နှံ ခဲ့သည်။ သူတို့သည် ငခူရနယ်မြေ နယ်ခြားစောင့်ရဲစခန်း တိုက်ခိုက်ခဲ့ သူများဖြစ်ကြောင်း ထွက်ဆိုချက်များအရ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်သိရသည်။ ယနေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် ငါးစာကြူးကျေးရွာအတွင်း ၀င်ရောက်ရှင်းလင်း ရာ ပြောင်ပိုက်ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းနှင့် ဖြစ်ပွား ခဲ့သော ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများဖြစ်သည့် ၈ ဦး တို့ကို ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၁) နယ်ခြားစောင့် ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)သို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့သည်။ ယနေ့ နံနက် ၁ နာရီခန့်တွင် နတ်မြစ်အတွင်း NAVYSEALs အဖွဲ့မှ တိုက်ရေယာဉ်ဖြင့် တိုက်ကင်းတာဝန်ထမ်းဆောင်စဉ် ဦးရှည်ကျချောင်း ၏ တောင်ဘက် ကိုက် ၃၀၀ ခန့်အကွာ ချောင်းပေါက်ငယ်အတွင်းမှ နတ်မြစ်ဘက်သို့ လှော်ခတ်လာ သော လှေ ၂ စီးအား တွေ့ရှိသဖြင့် မီးဖြင့်အချက်ပြခေါ်ယူရာ ပြန်လှည့်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ဒီရေတောအတွင်း ပုန်းအောင်းနေသည့် မသင်္ကာဖွယ်လူ ၅ ဦးအား ဖမ်းဆီးရမိခြဲ့ပီး မောင်တောမြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ Credit (မြ၀တီ)