ချစ်တင်နှောဖို့ငြင်းပယ်ခဲ့သည့် ချစ်သူအမျိုးသားကို အမျိုးသမီးမှ နှိပ်စက်သည့် ထူးဆန်းသည့်ဖြစ်ရပ်




လိင်ဆက်ဆံရန် ငြင်းပယ်သည့် ချစ်သူအမျိုးသားကို အမျိုးသမီးက နှိပ်စက် ဗြိတိန်နိုင်ငံ ဘာမင်ဟမ်အရပ်တွင် အမျိုးသမီးတစ်ဦးသည် လိင်ဆက်ဆံရန် ငြင်းပယ်ခဲ့သည့် ချစ်သူအမျိုးသား စီးပွားရေးလုပ်ငန်းရှင်အား ကိုယ်ထိလက်ရောက် ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်း သိရသည်။ အသက် ၅၄ နှစ်အရွယ် အီယန် မက်နီချိုးသည် မီးအပူပေးထားသည့် သံပြားဖြင့် အကပ်ခံရခြင်း၊ မီးပူနေဆဲ စီးကရက်များကို နှာခေါင်းထဲသို့ ထိုးသွင်းခံရခြင်း၊ မျက်နှာကို မိုဘိုင်းဖုန်းဖြင့် အရိုက်ခံရခြင်း၊ တုဖြင့် အထုခံရခြင်းအစရှိသည့် ညဉ်းပန်းနှိပ်စက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ အီယန်၏ ချစ်သူ မီရှဲဝီလျံဆင်က နှိပ်စက်ညှဉ်းပန်းမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နှိပ်စက်ခံရသည့် ၁၈ လအတွင်း အီယန်သည် နံရိုးများကျိုးခြင်း၊ ဦးခေါင်းခွံအက်ခြင်း၊ မေးရိုးများကျိုးခြင်း၊ နှာခေါင်းရိုးကျိုးခြင်း အစရှိသည့် ဒဏ်ရာများ ရရှိခဲ့ကာ ခွဲစိတ်ကုသမှု အကြိမ်ကြိမ်ခံယူခဲ့ရသည်။ လိင်မဆက်ဆံလိုကြောင်း ပြောဆိုခဲ့သည့်အတွက် မီရှဲက နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း အီယန်က ပြောဆိုခဲ့သည်ဟု ဘာမင်ဟမ်မေးလ်သတင်းစာက ဖော်ပြခဲ့သည်။ အသက် ၄၅ နှစ်အရွယ် မီရှဲသည် ဝေါ်ဗာဟမ်တန်အရပ်သူဖြစ်သည်။ မီရှဲသည် ကိုယ်ထိလက်ရောက်မှု၊ ခန္ဓာကိုယ်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေမှုများဖြင့် ၂၀၀၉ ခုနှစ်တွင် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံခဲ့ရသည်။ ယခုအချိန်တွင်မူ ၄င်းပြန်လည်လွတ်မြောက်နေပြီဖြစ်သည်။ အီယန်နှင့် မီရှဲတို့သည် ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် ဘာမင်ဟမ်ရှိ နယူးစထရိဘူတာ၌ မတော်တဆ တွေ့ဆုံမိရာမှ ချစ်ကျွမ်းဝင်ခဲ့ကြခြင်းဖြစ်သည်။ ယင်းနောက်တွင် မီရှဲသည် အီယန်၏နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အစောပိုင်းနှစ်များတွင် မီရှဲသည် ပုံမှန်သာ နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင်မှ ၄င်း၏ စိတ်အခြေအနေ တဖြည်းဖြည်း ဆိုးရွားလာခဲ့ခြင်းဖြစ်သည်။ အီယန်က ယခင်ချစ်သူများနှင့် လိင်ဆက်ဆံမှုများနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုရန် ငြင်းပယ်ခဲ့ပြီးနောက် မီရှဲဒေါသထွက်ကာ အီယန်၏ မျက်နှာကို ဖုန်စုပ်စက်ဖြင့် ရိုက်ခဲ့သည်။ ယင်းနောက်တွင် မီရှဲ၏ အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာသောကြောင့် အီယန်သည် အကြောက်တရားဖြင့် နေထိုင်ခဲ့ရသည်။ ပုံမှန်အားဖြင့် လိင်မဆက်ဆံလိုဟု ငြင်းပယ်ပါက မီရှဲသည် အီယန်အား ဖုန်းဖြင့် အကြိမ်ကြိမ် ထုလေ့ရှိခဲ့သည်။ “ရှင် ကျွန်မကို မချစ်ဘူး။ လိင်ဆက်ဆံဖို့ ငါးမိနစ်တောင် အချိန်မပေးနိုင်ဘူးလားလို့ မီရှဲက ပြောလေ့ရှိပါတယ်”ဟု အီယန်က ပြောသည်။ သို့သော် ရရှိသော ဒဏ်ရာများမှာ လောင်းကစားကြွေးမဆပ်နိုင်သောကြောင့် အကြွေးရှင်များက နှိပ်စက်မှုများသာဖြစ်ကြောင်း ပြောဆိုရန် မီရှဲက အီယန်ကို ညွှန်ကြားခဲ့သည်။ အီယန်၏ နေအိမ်တွင်း တိုက်ခိုက်မှုများကို အိမ်နီးချင်းတစ်ဦးက မြင်တွေ့ခဲ့ပြီးနောက် ရဲတပ်ဖွဲ့သို့ ဖုန်းဆက်တိုင်ကြားခဲ့မှုကြောင့် အီယန်၏ ဒုက္ခများ အဆုံးသတ်ခဲ့ရခြင်းဖြစ်သည်။ “ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာတော့ သူက အောက်ထပ်ကို ပြေးဆင်းပြီး ရဲတွေကို အီယန် ဒီတစ်ခါ ဘာတွေလုပ်ခဲ့ပြန်ပြီလဲရှင်။ သူက တစ်ချိန်လုံး လောင်းကစားလုပ်နေတာလေလို့ ပြောခဲ့တယ်”ဟု အီယန်က ပြောဆိုခဲ့သည်။ “ရဲကားထဲ ရောက်တော့ ကျွန်တော်လည်း အမျိုးသားနှစ်ဦးက ရိုက်နှက်ခဲ့တာလို့ ပြောပြရတာပေါ့။ ကံကောင်းချင်တော့ ရဲတွေက ကျွန်တော်ပြောတာကို မယုံကြဘူးလေ။ သူတို့က ပြောတယ် ခင်ဗျားကို နှိပ်စက်ခဲ့သူက အိမ်ထဲက အမျိုးသမီးလားလို့ မေးခဲ့တယ်လေ”ဟု ၄င်းက ပြောသည်။ နောက်ဆုံးတွင် အီယန်က အားမွေးပြီး “ဟုတ်ပါတယ်”ဟု ဖြေဆိုခဲ့သည်။ ယင်းနောက်တွင် ရဲတပ်ဖွဲ့ဝင်များသည် မီရှဲကို ဖမ်းဆီးပြီး အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ Source:Mirror ရိုးမြေ SKY Land News & Entertainment Media - မှတင်ဆက်သည်။ [ 30-10-2016 
Powered by Blogger.