
အာက်တိုဘာ ၃၀ အောက်တိုဘာ ၂၉ ရက်က နယ်မြေခံတပ်နှင့် မူးယစ်တပ်ဖွဲ့စု(၃၈)မော်လမြိုင်မှ တပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်မရော မြို့နယ်၊ ကော့ပနောကျေးရွာနေ ကြည်စိုး ၏ နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ ကျော်ငွေ နှင့် မအိအိဖြူ(မ)တို့အား တွေ့ရှိရပြီး နေအိမ်မီးဖိုခန်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၄ ပြား ၊ အိပ်ခန်းအတွင်းမှ မြန်မာငွေကျပ် ၆ ဒသမ ၂၉၅ သိန်းနှင့် AK-47 သေနတ် ၁ လက်၊ ပွိုင့် ၂၂ သေနတ် ၁ လက် ၊ M-16 သေနတ် ၁ လက်၊ ပစ္စတိုသေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၃၆၁ တောင့်၊ ကျည်အိမ် ၁၁ ခု တို့ကို သိမ်းဆည်းရမိသဖြင့် ကြည်စိုး(၅၂) နှစ်၊ မအိအိဖြူ(၂၀) နှစ်နှင့် ကျော်ငွေ(၄၅) နှစ်တို့ ၃ ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သတင်းရရှိသည်။ http://myanmarpoliceforce.org/mm/index.php?option=com_content&view=article&id=2718:2016-10-30-11-14-05&catid=105&Itemid=680 တွင်လည်း ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။ ကျိုက်မရောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ နေပြည်တော်၊ အောက်တိုဘာ ၃၀ အောက်တိုဘာ ၂၉ ရက်က နယ်မြေခံတပ်နှင့် မူးယစ်တပ်ဖွဲ့စု(၃၈)မော်လမြိုင်မှ တပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှုခင်းအကူဌာနမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်မရော မြို့နယ်၊ ကော့ပနောကျေးရွာနေ ကြည်စိုး ၏ နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ ကျော်ငွေ နှင့် မအိအိဖြူ(မ)တို့အား တွေ့ရှိရပြီး နေအိမ်မီးဖိုခန်း အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၄ ပြား ၊ အိပ်ခန်းအတွင်းမှ မြန်မာငွေကျပ် ၆ ဒသမ ၂၉၅ သိန်းနှင့် AK-47 သေနတ် ၁ လက်၊ ပွိုင့် ၂၂ သေနတ် ၁ လက် ၊ M-16 သေနတ် ၁ လက်၊ ပစ္စတိုသေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၃၆၁ တောင့်၊ ကျည်အိမ် ၁၁ ခု တို့ကို သိမ်းဆည်းရမိသဖြင့် ကြည်စိုး(၅၂) နှစ်၊ မအိအိဖြူ(၂၀) နှစ်နှင့် ကျော်ငွေ(၄၅) နှစ်တို့ ၃ ဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သတင်းရရှိသည်။
Powered by Blogger.