မျက်လုံးခြောက်သွေ့ခြင်းအတွက် ဘေးဥပါဒ်ကင်းသော သဘာဝဆေးနည်း


ကွန်ပျူတာ ဒါမှမဟုတ် တီဗွီရှေ့မှာ ကြာမြင့်စွာ အချိန်ကုန်ဆုံးစေခြင်းကြောင့် လူအတော်များများ မျက်စိခြောက်သွေ့မှုပြသနာ ရင်ဆိုင်ကြပါတယ်။ ဒီပြသနာကို ရုရှားသဘာဝဆေးနည်းတစ်ခုက ဖြေရှင်းပေးပါလိမ့်မယ်။

မျက်လုံးခြောက်သွေ့ခြင်းက ကွန်ပျူတာ သို့မဟုတ် တီဗွီရှေ့မှာ အချိန်ကြာမြင့်စွာ အချိန်ကုန်ဆုံးသူများအတွက် စိုးရိမ်ရတဲ့ ပြသနာဖြစ်ပြီး ယင်းပြသနာဖြေရှင်းဖို့အတွက် ဒီရုရှားတိုင်းရင်းဆေးက ကောင်းမွန်တဲ့ အဖြေ တစ်ခု ဖြစ်ပါတယ်။

သဘာဝပျားရည်စစ်စစ်နဲ့ ငွေ့ရေ distilled water ကို ၁း၃ အချိုးအစားဖြင့် ရောစပ်ရပါမယ်။ မျက်စိကျန်းမာရေး ထိန်းသိမ်းရန်အတွက် ယင်းရောစပ်မှုကို ပိတ်စကြဲကြဲလေးနဲ့ စစ်ယူပြီး မျက်စိနှစ်ဖက်လုံးမှာ ၁ နှစ်ကြာ မနက်နဲ့ ည မပျက်မကွက် (၂) စက်စီ ချပေးရပါမယ်။ တိုးတက်ကောင်းမွန်လာမှုရှိတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆေးကို အေးတဲ့နေရာမှာ သိမ်းထားပေးရပါမယ်။

Ref:goodmorningcenter 

No comments

Powered by Blogger.