ပွေ့ဖက်ခြင်းဖြင့် ရရှိလာမယ့် ကောင်းကျိုးများ


ဂျပန်နိုင်ငံမှာ ဆိုနီယာလို့ခေါ်တဲ့ လူတွေ ပွေ့ပိုက်ခံဖို့ အခကြေးပေးဆောင်တဲ့ ကော်ဖီဆိုင်တစ်ခုရှိပါတယ်။ လူတွေဟာ အဲဒီကိုသွားပြီး တစ်စုံတစ်ယောက်နဲ့အတူ အိပ်ဖို့ သွားကြပါတယ်။ ပွေ့ဖက်ပေးသူ "cuddlist" လို့ သိရတဲ့ ဝန်ထမ်းတွေရဲ့ ပွေ့ဖက်မှုခံရတဲ့ အခွင့်အရေးကလွဲ၍ တခြားခန္ဓာကိုယ်ထိတွေ့မှုမှ မပါဝင်ပါ။ ဒါပေမယ့် အဲဒါ အခမဲ့တော့ မဟုတ်ပါ။

တစ်စုံတစ်ယောက်ထံမှ နောက်ဆုံး ပွေ့ဖက်ခံခဲ့အချိန်ကို သတိရတယ်မို့လား။ ဘယ်လိုခံစားရလဲ။ ကမ္ဘာကြီးရဲ့ ရှင်ဘုရင်ကဲ့သို့ မဖြစ်သွားဘူးလား။ ဟုတ်ပါတယ်။ ဒါ ဘဝမှာ အကြီးမားဆုံးပျော်ရွှင်များထဲမှ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထက် ပိုအရေးကြီးတာက တယုတယပွေ့ဖက်ခြင်းမှာ ကျွန်ုပ်တို့ ဇီဝဖြစ်ပျက်မှုအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဒီအချက်တွေဟာ ပွေ့ဖက်ပေးဖို့နဲ့ အပွေ့ခံဖို့ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်သေးဘူးဆိုရင် အောက်ကအချက်တွေ ဆက်ဖတ်သွားဖို့ လိုအပ်ပါလိမ့်မယ်။

၁။ ပျော်ရွှင်မှုလိုက်စားခြင်း

ပွေ့ဖက်ခြင်းဟာ ခန္ဓာကိုယ်အတွင်းရှိ ချစ်ခင်ကြင်နာမှုနဲ့ ပျော်ရွှင်မှုခံစားစေတဲ့ oxytocin နဲ့ serotonin ပမာဏအတန်အသင့် ထုတ်ပေးတယ်လို့ ဆိုပါတယ်။ အကျိုးပိုဖြစ်စေပြီး လူတွေနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံမှု တည်ဆောက်ပေးပါတယ်။ လူသိများကျော်ကြားတဲ့ အာရုံကြောဆိုင်ရာ ပါရဂူ ပေါလ်ဇက်က သူ့ရဲ့ TED Talk မှာ ပိုမိုပျော်ရွှင်သောဘဝနဲ့ ပိုမိုကောင်းမွန်တဲ့ အချစ်ရေးအတွက် တစ်နေ့ ၈ ကြိမ်ပွေ့ဖက်ပေးဖို့ အကြံပြုထားပါတယ်။

၂။ စိတ်ဓာတ်ကျမှု ခဏတွင်းချင်း ပျောက်ကင်းစေခြင်း

မကြာခဏပွေ့ဖက်တဲ့ အလေ့အကျင့်ရရှိခြင်းဟာ ခန္ဓာကိုယ်ထဲက စိတ်ဖိစီးမှုဖြစ်ပွားစေတဲ့ ဟော်မုန်းတစ်ခုဖြစ်တဲ့ cortisol အလွန်အကဲထုတ်ပေးလေ့ရှိတဲ့  အထီးကျန်ခံစားရမှု၊ အမျက်ဒေါသထွက်ခြင်း၊ စိတ်တင်းမာခြင်းနဲ့ စိတ်ဖိစီးမှုတွေ ဖယ်ရှားပေးတာ သိပါသလား။ တကယ်တော့ အနည်းဆုံး ၁၀ မိနစ်ကြာ ပွေ့ဖက်ခြင်းနဲ့ လက်ကလေးတွေကိုင်ပေးခြင်းက သင့်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ စိတ်ဖိစီးမှုအားလုံး လွင့်စင်ပျောက်ကွယ် သွားစေနိုင်ကြောင်း သိပ္ပံနည်းအရ အခိုင်အမာသက်သေပြခဲ့ပါတယ်။

၃။ မိမိကိုယ်ကို ယုံကြည်မှု တိုးပွားစေ

လူတစ်ယောက်ကို ပွေ့ဖက်တဲ့အခါ သူ့ရဲ့ စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေ ဘေးဖယ်ပေးကာ အစစအရာရာ အဆင်ပြေတဲ့ အသိချက်ချင်း ရသွားစေပါတယ်။ ဒီစိတ်ချမ်းသာခြင်းအခြေအနေက သူတို့ကို မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုဖြစ်စေပါတယ်။

၎။ စိတ်တည်ငြိမ်မှုရစေ

တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ခြင်းက စိတ်ခံစားချက်ကို ပြောင်းလဲနိုင်ပါတယ်။ တစ်ယောက်ယောက်မှ သင့်ကို တယုတယပွေ့ဖက်ပေးလိုက်တဲ့အခါ အရေပြားကနေ ထုတ်လာတဲ့ တုံ့ပြန်မှုက နွေးထွေးမှုဖြစ်ပါတယ်။ ဒီနွေးထွေးမှုက စိုထိုင်းမှုပမာဏနဲ့ အရေပြားကနေထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်ကိုကို ပြောင်းလဲပေးနိုင်ပါတယ်။ အရေပြားကနေပေးလိုက်တဲ့ စိုစွတ်မှုနဲ့ လျှပ်စစ်ဓာတ်အားပြောင်းလဲမှုအကျိုးဆက်က ခဏအတွင်း စိတ်တည်ငြိမ်မှု ဖြစ်စေပါတယ်။

၅။ ကိုယ်ခံအားကောင်းမွန်စေ

ဆေးပညာအရ စမ်းသပ်စစ်ဆေးခဲ့ပြီး ၁၀ မိနစ် ပွေ့ဖက်ခြင်းကတောင် ခန္ဓာကိုယ်မှာရှိတဲ့ သွေးဖြူဆဲလ်များထုတ်လုပ်မှု ပိုမိုတိုးပွားစေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအား ကောင်းမွန်စေပါတယ်။ ဒါတင်မကသေးပါ။ ပွေ့ဖက်ခြင်းက နှလုံးရောဂါအန္တရာယ် လျော့နည်းစေတယ်၊ အားအင်ချိနဲ့မှု၊ ကူးစက်ရောဂါမျိုးစုံ ခုခံတိုက်ခိုက်ပေးတယ်၊ ပြီးနောက် စိတ်ကျရောဂါ လျော့နည်းသက်သာစေပါတယ်။

Ref:mensxp

No comments

Powered by Blogger.