ဥရောပအကြီးဆုံးဘဏ် HSBC အစုရှယ်ယာဈေး ကျဆင်း


ဥရောပအကြီးဆုံး ဘဏ်ကြီးဖြစ်တဲ့ HSBC ဘဏ်အစုရှယ်ယာဈေးတွေ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ၄ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပြီး ရှေ့လျှောက် ဘဏ္ဍာရေး၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ HSBC က ၂၂ ရက်နေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နောက်ဆုံး ၃ လပတ်အတွင်း HSBC ဘဏ်ဟာ မမျှော်လင့်ဘဲ အရှုံးပေါ်ခဲ့ပြီး ၂၀၁၄ နောက်ဆုံး ၃ လပတ်နဲ့စာရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အရှုံးပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ တနှစ်တာလုံး အခွန်မနုတ်ခင် အမြတ်ဟာလည်း ၁ ရာခိုင်နှုန်းပဲရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၉ ဘီလီယံပဲ ရရှိခဲ့တာပါ။

အဲ့ဒီအမြတ်ရဲ့ ၈၃ ရာခိုင်နှုန်းကျော်ဟာ အာရှနိုင်ငံတွေက ရရှိတာပါ။

ဒါကြောင့် တရုတ်နိုင်ငံရဲ့ စီးပွားတိုးတက်မှုနှုန်း တုံ့နှေးသွားတာဟာ တကမ္ဘာလုံးရဲ့ စီးပွားရေးကိုပါ ရိုက်ခတ်မှာဖြစ်ပြီး ရှေ့လာမယ့် ကာလတွေမှာ ဘဏ်အနေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ HSBC ဘဏ်ဥက္ကဋ္ဌ ဒေါက်ကလပ်စ် ဖလင့် (Douglas Flint) က ပြောပါတယ်။

တရုတ်စီးပွားရေးဟာ တဆင့်မြှင့် အသွင်ကူးပြောင်းရေးကာလ ဖြတ်သန်းနေပြီး ကမ္ဘာ့စီးပွားရေး တိုးတက်လာဖို့ တရုတ်စီးပွားရေးက အဓိကတွန်းအားလို့ ယုံကြည်ကြောင်း ဒေါက်ကလပ်စ် ဖလင့်က ပြောဆိုပါတယ်။
ဒီဗွီဘီ

No comments

Powered by Blogger.