နိုင်ငံခြားဘဏ်ခွဲသစ်များဖွင့်လှစ်ရန်ရှိ၍ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်ဖွယ်ရှိ


 နိုင်ငံခြားဘဏ်ခွဲသစ် များ၏ အာမခံ ရင်းနှီးငွေများ ကြောင့် ဗဟိုဘဏ်တွင် နိုင်ငံခြား အရန်ငွေပိုများလာပြီး မြန်မာကျပ် ငွေ၏တန်ဖိုး မြင့်တက်လာနိုင် ကြောင်း စီးပွားရေးပညာရှင်အ ချို့က သုံးသပ်နေကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ဘဏ်ခွဲတစ်ခုဖွင့်လှစ်ရန် အာမခံ ရင်းနှီးငွေသည် အမေရိကန် ၇၅ သန်းမှ သန်း ၁၀၀ ကြား ဗဟိုဘဏ်သို့ ပေးသွင်းရသည်။ လက်ရှိတွင် တိုင်ပေ၊ ဟောင်ကောင်၊ တောင် ကိုရီးယား၊ အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံမှ ဘဏ် ၁၃ ဘဏ်က ဗဟို ဘဏ်၌ ဘဏ်ခွဲဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည်ဟု မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က သတင်း ထုတ်ပြန်သည်။

အဆိုပါ ဘဏ်များဘဏ်ခွဲ ဖွင့်လှစ်ခွင့်ကို မတ်လမကုန်မီ လိုင်စင်များ ထုတ်ပေးမည်ဟု ဗဟို ဘဏ်၏ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ ယင်းဘဏ် ၁၃ ခု၏ အာမခံရင်းနှီးငွေသည် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ခန့်ရှိသဖြင့် လက်ရှိဗဟိုဘဏ် တွင် ရှိနေသော နိုင်ငံခြားအရန်ငွေ ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသည်။ ဗဟိုဘဏ်တွင် အရန်နိုင်ငံခြားငွေ သည် ဒေါ်လာ ၅ ဘီလီယံကျော်ရှိ ကြောင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆက်အောင်က ၂၀၁၅ နိုဝင်ဘာ ၌ သတင်းမီဒီယာများအား ပြော ကြားထားသည်။

‘‘ယာယီအနေနဲ့တော့ နိုင်ငံ ခြားအရန်ငွေများလာရင် ကျပ်ငွေ တန်ဖိုးက တက်လာမှာပါ။ ဒါပေမဲ့စီးပွားရေးအခြေအနေအရ ရေ ရှည်တော့ မဖြစ်နိုင်ဘူး’’ဟု စီးပွား ရေးပညာရှင်ဒေါက်တာအောင် ကိုကိုက ပြောသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ် ရေးကုမ္ပဏီကြီးနှစ်ခု၏ရင်းနှီးမြှုပ် နှံမှုများဝင်လာချိန်က မြန်မာကျပ်ငွေတန်ဖိုး ခဏတာ မြင့်တက်ပြီး နောက် ပြန်ကျခဲ့သည်။ ထို့အတူ ၂၀၁၄ အောက်တိုဘာတွင် နိုင်ငံ ခြားဘဏ်ခွဲအသစ် ကိုးခုဖွင့်လှစ် ရန် လိုင်စင်ချထားပေးစဉ်က မြန်မာကျပ်ငွေတန်ဖိုး ယာယီမြင့် တက်ခဲ့ကြောင်း ဒေါက်တာအောင် ကိုကိုက ပြောသည်။

နိုင်ငံခြားအရန်ငွေမြင့်တက် မှုအပြင် ပို့ကုန်မြှင့်တင်ပြီး ကုန် သွယ်မှုလိုငွေနည်းပါးမှု၊ ဘတ် ဂျက်လိုငွေလျှော့ချနိုင်မှု၊ အလုပ် လက်မဲ့ဦးရေလျှော့ချနိုင်မှုစသည် တို့ကို လုပ်ဆောင်နိုင်မှသာ ပြည် တွင်းလှည့်လည်သုံးငွေကြေးကျပ် ငွေတန်ဖိုး ရေရှည်မြင့်တက်နိုင် မည်ဟု စီးပွားရေးပညာရှင် ဒေါက် တာအောင်ကိုကိုက ပြောသည်။

မြန်မာနိုင်ငံတွင် ကုန်သွယ်မှု လိုငွေသည် ၂၀၁၅-၁၆ ဘဏ္ဍာ နှစ် ၁၀ လအတွင်း အမေရိကန် ဒေါ်လာ ၅ ဘီလီယံခန့်ရှိနေခြင်း၊ ဘတ်ဂျက်လိုငွေမှာလည်း ကျပ် ငွေဘီလီယံ ၅၀၀၀ ကျော်ရှိနေသ ဖြင့် ဘဏ်ခွဲအသစ်များမှ ဝင်လာ မည့် နိုင်ငံခြားငွေသည် ကျပ်ငွေ တန်ဖိုးအား ရေရှည်မြှင့်တင်ပေး နိုင်မည့် အခြေအနေမရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က လည်း ပြောသည်။

‘‘ဗဟိုဘဏ်ကိုပဲ ငွေဝင်တာ ဆိုတော့ ပြင်ပဈေးကွက်ကိုတော့ အများကြီးသက်ရောက်မှုမရှိစေ နိုင်ဘူး’’ဟု ကမ္ဘောဇဘဏ်အကြီး တန်းအကြံပေး ဦးသန်းလွင်က ပြောသည်။

ပြင်ပဈေးကွက်တွင် ကမ္ဘာ့ ရွှေဈေးမြင့်တက်လာမှုကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး ကျ ဆင်းလာပြီး ဖေဖော်ဝါရီ ၁၀ ရက် တွင် ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် အမေရိကန် ၁,၁၈၈ ဒေါ်လာဈေးရှိသည်။ ပြင်ပဈေး ကွက်တွင် အမေရိကန် ဒေါ်လာ တန်ဖိုးသည် တစ်ဒေါ်လာလျှင် ၁,၂၂၀ ကျပ်ခန့် ဈေးရှိနေသည်။ ဖေဖော်ဝါရီ ၁ ရက်က တစ်ဒေါ်လာလျှင် ၁,၂၉၃ ကျပ်ဈေးရှိခြင်း ကြောင့် မြန်မာကျပ်ငွေတန်ဖိုးမာ လာသည်ဟု ဆိုနိုင်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်အချို့က ပြော သည်။

‘‘နိုင်ငံရေးအခြေအနေက ကောင်းနေတော့ ကျပ်ငွေတန်ဖိုး ကဆက်ပြီး မာလာနိုင်တယ်’’ဟု မြန်မာနိုင်ငံကုန်သည်များနှင့်စက် မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။

မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့် လှစ်ခွင့်လိုင်စင်ချထားပေးသော နိုင်ငံခြားဘဏ် ကိုးခုရှိနေသည်။ ယင်းဘဏ်များ ဖွင့်လှစ်ခဲ့ခြင်း သည် လက်ရှိ၌ တစ်နှစ်ကျော် အချိန်ရှိလာသော်လည်း ထူးခြား သည့်ဝန်ဆောင်မှုများလုပ်ဆောင် ခွင့်မရသေးပေ။ ပြည်တွင်းဘဏ် များနှင့်ပူးပေါင်းပြီး ငွေစာရင်းလွှဲ ပြောင်းမှုမျိုးကိုသာ ဆောင်ရွက် နေနိုင်သေးကြောင်း ပြည်တွင်း ပုဂ္ဂလိကဘဏ်မှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။

ယခုအသစ်ဖွင့်လှစ်ခွင့်ပြု သည့် ဘဏ်များသည် အစိုးရသစ် လက်ထက်တွင် ဝင်ရောက်လာ မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် ရည်ရွယ်ထားခြင်းဖြစ်နိုင် ကြောင်း ၎င်းက သူ၏ထင်မြင်ချက် ကို ပြောသည်။

Ref;7daydaily

No comments

Powered by Blogger.