ခပ်ဆိုးဆိုး ခပ်မိုက်မိုက်ပုံရှိတဲ့ ယောက်ျားတွေကို မိန်းမတွေက ဘာကြောင့်သဘောကျ ကြတာလဲ


လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ မိန်းကလေးတွေကို ခပ်ဆိုးဆိုးပုံစံနဲ့ ကြမ်းကြမ်းတမ်းတမ်းရှိတဲ့ အမျိုးသားတွေက အမှန်တကယ် ဆွဲဆောင်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ စိတ်ပညာရှင်တွေရဲ့အဆိုအရ Wuther Heights ထဲက ဇာတ်ကောင်ဖြစ်တဲ့ စိတ်ဆိုးဒေါသထွက်နေတတ်တဲ့ Heathcliff ကနေ အန္တရာယ်များတဲ့ ဂျိမ်းစဘွန်းဇာတ်ကောင်တွေကို ကြိုက်ကြတဲ့ အကြောင်းက သူတို့ရဲ့ ခပ်ဆိုးဆိုး ပုံစံတွေကြောင့် ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အကြောင်းရင်းကတော့ ကိုယ့်အဖော်ဖြစ်သူက စိတ်ဓာတ်ကြံ့ခိုင်ပြီး ယုံကြည်မှုရှိတဲ့သူဖြစ်ရင် ကိုယ့်ကလေးရဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်ဆိုတဲ့ အခြေခံ စိိတ်ဆန္ဒကြောင့်ဖြစ်ပါတယ်။ Evolution and Human Behavior ဂျာနယ်ရဲ့ အဆိုအရ ယောက်ျားတွေမှာ တကိုယ်ကောင်းဆန်တဲ့၊ ကိုယ်ကျိုးပဲကြည့်တတ်တဲ့ စိတ်ထားကိုပြနိုင်တဲ့ မျက်နှာ သွင်ပြင်မျိုး ရှိတတ်ပါတယ်တဲ့။ အများအားဖြင့် ဦးခေါင်းခွံကြီးကြီး၊မေးရိုးခိုင်ခိုင်နဲ့ နှာခေါင်းချွန်ပြီး မျက်လုံးအကြည့်စူးရှတဲ့ ပုံစံတွေဖြစ်ပါတယ်။

သားသမီး လိုချင်တဲ့ အမျိုးသမီးတွေက ဒီလို မျက်နှာသွင်ပြင်ရှိတဲ့သူမျိုးကို နှစ်သက်ကြပါတယ်။ ဒါကတော့ သတ္တဝါတွေရဲ့ သဘာဝ ရွေးချယ်မှုလိုပဲ ဒီပုံစံမှာ ကြံ့ခိုင်သန်စွမ်းတဲ့ မျိုးဗီဇ၊မာကြောတဲ့ စိတ်ဓာတ်နဲ့ ပြည့်စုံတဲ့ ခန္ဓာကိုယ် ကျန်းမာရေးရှိမယ်လို့ ယုံကြည်တာကြောင့်ဖြစ်ပါတယ်။

University of Liverpool က ပညာရှင်များနဲ့ ပိုလန်၊ ဖင်လန်နိုင်ငံက ပညာရှင်တွေက အရွယ်ရောက် အမျိုးသမီး ၂၃၇၀ ကို ၄င်းတို့ကို ဆွဲဆောင်နိုင်တဲ့ ယောက်ျားတွေရဲ့ ပုံစံကို ကွန်ပျူတာပုံတွေကို အသုံးပြုပြီး စစ်တမ်းကောက်ယူခဲ့ပါတယ်။ စိတ်ထင်ရာစိုင်းတတ်တဲ့၊ တကိုယ်ကောင်းဆန်တဲ့ ပုံစံရှိတဲ့ ယောက်ျားတွေကို သဘောကျတဲ့သူတွေရှိကြောင်းတွေ့ရှိခဲ့ကြပါတယ်။

အမျိုးသမီးများက တကိုယ်ကောင်းဆန်တဲ့ ခပ်မိုက်မိုက်ပုံစံအမျိုးသားတွေကို  သဘောကျရခြင်း အကြောင်းရင်းက မျိုးပွားခြင်းဆိုင်ရာ အောင်မြင်မှုနဲ့ ဆက်စပ်နေပြီး ဒီလို အမျိုးသားတွေကို ကြိုက်တဲ့အမျိုးသမီးတွေက တခြားအမျိုးသမီးတွေထက် သားသမီး ၅.၁၇ %ပိုများတာကို တွေ့ရှိရပါတယ်လို့ သုတေသီများက ဆိုပါတယ်။

Ref:dailymail.co.uk

No comments

Powered by Blogger.