ကိုယ်ဝန်ဆောင်ချိန် ငါးအလွန်အကျွံ စားသုံးခြင်းက သင့်ကလေးအား အဝလွန်မှုဖြစ်ပွားစေနိုင်


ကိုယ်ဝန်ဆောင်ချိန် ငါးများများ စားသုံးတဲ့ မိခင်တွေဟာ မွေးလာမယ့် ကလေးကို အဝလွန်မှုအန္တရာယ် ဖြစ်စေနိုင်ကြောင်း သုတေသနပညာရှင်တွေက သတိပေးထားပါတယ်။

ငါးအလွန်အကျွံစားသုံးတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ အဝလွန်ရင်သွေးမွေးဖွားနိုင်ခြေ ပိုများစေနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။

ပိုမိုထူးခြားတာက ငါးကို တစ်ပတ် ၃ ကြိမ်ထက် ပိုစားသုံးခြင်းက ကလေးအဝလွန်မှုအန္တရာယ် ၂၂% ပိုမိုများပြားစေနိုင်ပါတယ်။

ယင်းကလေးတွေရဲ့ ကိုယ်ခန္ဓာအလေးချိန်ညွန်းကိန်း (BMI) မှာ ငါးသိပ်မစားတဲ့ မိခင်တွေက မွေးတဲ့ ကလေးတွေနဲ့ ယှဉ်ရင် အသက် ၂၊ ၄ နဲ့ ၆ နှစ်အရွယ်မှာ ပိုမိုသိသာပါတယ်။

မွေးတဲ့အချိန်ကနေ ၂ နှစ်အထိ ကလေး ၈,၂၁၅ (သို့) ၃၁% က တဟုန်ထိုး ကြီးထွားကြပါတယ်။ ၂ နှစ်အရွယ် ကလေး ၄,၉၈၇ သို့ ၁၉.၄% တို့က အဝလွန်မှုဖြစ်ကြပြီး ၃,၄၇၆ (သို့) ၁၅.၂% ဟာ ၆ နှစ်အရွယ်မှာ သတ်မှတ် အလေးချိန်ထက် ကျော်လွန်ကြပါတယ်။

ဒီ့အပြင် အမျိုးသားများထက် အမျိုးသမီးများမှာ အကျိုးသက်ရောက်မှု ပိုများပါတယ်။

ယင်းလေ့လာမှုက ဥရောပနဲ့ အမေရိက တနှံတလျားရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၆,၁၈၄ နဲ့ သူတို့ရင်သွေးများဆီမှ မှတ်တမ်းများ အသေးစိတ်စစ်ဆေးလေ့လာခဲ့ပါတယ်။ ကလေးတွေ ၆ နှစ်အရွယ်ရောက်ချိန်အထိ လိုက်လံစစ်ဆေးခဲ့တာပါ။

တစ်ပတ် ငါး (၃) ကြိမ်ထက် စားသုံးခြင်းကို အလွန်များပြားတဲ့ ပမာဏအဖြစ် သတ်မှတ်ပါတယ်။ အတန်အသင့်စားသုံးခြင်းက တစ်ပတ် (၁) ကြိမ်နဲ့အထက်ဖြစ်ပြီး တစ်ပတ် (၁) ကြိမ်ထက်လျော့ စားသုံးခြင်းက နည်းပါးတဲ့ ပမာဏဖြစ်ကြောင်း သိရပါတယ်။  

Ref: Express

No comments

Powered by Blogger.