ေ ဒၚလာ၀ယ္ယူမႈ ပိတ်ထားခြင်းကို ဗဟိုဘဏ် ၀င်ထိန်းသင့်ဟုဆို ငွေလဲကောင်တာနှင့် ဘဏ်များ ဒေါ်လာဝယ်ယူမှု ပိတ်ထားခြင်းကို ဗဟိုဘဏ် ၀င်ထိန်းသင့်ဟုဆို


ရန်ကုန်မြို့လယ်ရှိ ငွေလဲကောင်တာတစ်ခုတွင် အမေရိကန်ဒေါ်လာများကို ရေတွက်နေသော အမျိုးသမီးတစ်ဦး (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
ပြည်တွင်းငွေလဲနှုန်း ဆက်တိုက်ကျဆင်းလာသဖြင့်ငွေ လဲကောင်တာများနှင့် ဘဏ်များ က အမေရိကန်ဒေါ်လာအ၀ယ် ပိတ်ထားမှုကို ဗဟိုဘဏ်အနေ ဖြင့် ၀င်ထိန်းပေးသင့်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူအချို့ ကပြောသည်။

အမေရိကန်ဒေါ်လာဈေး နှုန်းသည် ပြင်ပဈေးကွက်တွင် ရက်ပိုင်းအတွင်း တစ်ဒေါ်လာ လျှင် ၈၀ ကျပ်ကျော်ဈေးကျလာ သည်။ ဖေဖော်ဝါရီ ၁ ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၉၄ ကျပ် ရှိရာမှ ဖေဖော်ဝါရီ ၉ ရက်တွင် ၁,၂၁၀ ကျပ်အထိ ကျဆင်းခဲ့ သည်။ပြင်ပဈေးကွက်တွင်ငွေလဲ နှုန်းသည် ရက်ပိုင်းအတွင်း ၂၀ ကျပ်မှ ၃၀ကျပ်ကြား ကျဆင်းလာ သော်လည်း ဗဟိုဘဏ်က သတ် မှတ်ထားသော ရည်ညွှန်းငွေလဲ နှုန်းမှာမူ ကျဆင်းမှုနှေးနေသည်။ ဖေဖော်ဝါရီ ၈ရက်တွင် တစ်ဒေါ် လာလျှင် ၁,၂၆၀ ကျပ်မှ ဖေဖော် ၀ါရီ ၉ရက်တွင် တစ်ဒေါ်လာလျှင်  ၁,၂၄၈ ကျပ်သို့ပြောင်းလဲခဲ့သည်။

ဗဟိုဘဏ်၏ ရည်ညွှန်းငွေ လဲနှုန်းကို အခြေပြု၍ ပုဂ္ဂလိက ဘဏ်များ၊ တရားဝင်ငွေလဲကောင်တာများက ဈေးဖွင့်ရသည်။ ၎င်းတို့သည် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းထက် ၀ ဒသမ ၈ ရာခိုင်နှုန်းသာ အတိုးအလျော့ပြုလုပ်ခွင့်ရှိသဖြင့် ပြင်ပဈေးနှုန်းကို အမီလိုက်ပြီး ဈေးဖွင့်နိုင်ခြင်း မရှိကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူများကပြောသည်။

ဖေဖော်ဝါရီ ၉ ရက်သတ် မှတ်နှုန်းထားဖြင့် ပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာများမှ ဈေးဖွင့်မည်ဆိုပါက တစ်ဒေါ်လာလျှင် ၁,၂၃၉ကျပ်ခန့်ဖြင့် ဈေးဖွင့်ရမည်ဖြစ်သည်။

‘‘ဒီအချိန်မှာ ဗဟိုဘဏ်က ဈေးနှုန်းတည်ငြိမ်အောင် ထိန်းပေးသင့်တယ်။ ဈေးကွက်ထဲက ဒေါ်လာတွေကို အရှုံးခံပြီး ၀ယ်ပေး သင့်တယ်’’ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးဦးသန်းလွင်ကပြောသည်။

ဖွံ့ဖြိုးမှုအားကောင်းသော နိုင်ငံများတွင် ဗဟိုဘဏ်များသည် ဈေးကွက်အတွင်း၌ ငွေလဲနှုန်းကျ ဆင်းလာပါက နိုင်ငံခြားငွေများ ၀ယ်ယူပေးခြင်း၊ ငွေလဲနှုန်းမြင့် တက်နေပါက ဈေးကွက်အတွင်း သို့ နိုင်ငံခြားငွေများ ရောင်းချပေးသည့်နည်းဖြင့် ၀င်ထိန်းလေ့ရှိ သည်။ မြန်မာနိုင်ငံတွင်လည်း ငွေ လဲနှုန်းစံချိန်တင် မြင့်တက်ချိန် တွင် အရေးကြီးသွင်းကုန်များဖြစ် သော စက်သုံးဆီ၊ စားအုန်းဆီ တင်သွင်းသူများအား ဗဟိုဘဏ် က သတ်မှတ်သော ရည်ညွှန်းနှုန်း ဖြင့် အမေရိကန်ဒေါ်လာများ ရောင်းချပေးခဲ့သည်။

ယခုရက်ပိုင်းတွင် အမေရိကန်ဒေါ်လာဈေးနှုန်းဆက်တိုက်ကျဆင်းလာချိန်၌  ပြည်တွင်းမှ ပုဂ္ဂလိကဘဏ်များနှင့်တရားဝင်ငွေလဲကောင်တာများသည် ပြင်ပ ဈေးကွက်မှ ၀ယ်ပြီးပြန်လည် ရောင်းချမှုများကြောင့် ၀ယ်ယူမှုပိတ်ထားရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံခြား ငွေလဲနှုန်းအပြောင်းအလဲအမြန် ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး တရားမ၀င် ငွေဈေးကွက်၏ ဦးဆောင်မှုဖြင့် သာ ဗဟိုဘဏ်က ရည်ညွှန်းငွေ လဲနှုန်းကို သတ်မှတ်ထားသည်။

‘‘အခုအခြေအနေအရ ဒေါ် လာဈေးကတော့ ဆက်ပြီးကျနေ ဦးမှာပဲ။ အကျနဲ့ပဲ ငြိမ်နေမယ်ဆို ရင် ကုန်ဈေးနှုန်းကျလာမယ်’’ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။

နိုင်ငံခြားငွေလဲနှုန်းကျဆင်း ရမှုသည် နိုင်ငံရေး အခြေအနေ တည်ငြိမ်လာခြင်းကြောင့်ဟု စီး ပွားရေး လုပ်ငန်းရှင်များက သုံး သပ်နေကြသည်။ အမေရိကန် ဒေါ်လာကျဆင်းမှုသည် အချိန် ကာလတစ်ခုထိ တည်ငြိမ်လာပါ က သွင်းကုန်ပစ္စည်းများဈေးနှုန်း ချပြီးရောင်းချရသဖြင့်အများပြည် သူအတွက် အကျိုးရှိနိုင်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက် မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
Ref;7daydaily

No comments

Powered by Blogger.