ခင်ပွန်းသည်က သင့်နဲ့ အတူ အိမ်ထောင်ရေးမှာ ပျော်ရွှင်နေတယ်ဆိုတာ သိနိုင်ဖို့


အိမ်ထောင်ရေး တစ်ခုမှာ တစ်ယောက်က အရာရာ အဆင်ပြေတယ်လို့ ထင်နေပေမယ့် တစ်ဖက်လူက ကွာရှင်းချင်လာတယ် ဆိုရင်တော့ ဒီအိမ်ထောင်ရေးကို ဘယ်လိုမှ ထိန်းထားလို့မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်အိမ်ထောင်ဖက်က ကိုယ်နဲ့နေရတာ ပျော်ရဲ့ လားဆိုတာကို သိထားမှသာ လိုအပ်ချက်တွေကို အချိန်မှီ ပြင်ဆင်နိုင်မှာပါ။ များသောအားဖြင့်တော့ အိမ်ထောင်ရေးတစ်ခုကို အဆုံးသတ်လိုက်ဖို့ စတင်သူတွေဟာ အမျိုးသားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့  ခင်ပွန်းသည်က လက်ရှိ အိမ်ထောင်ရေးမှာ ပျော်ရွှင်နေတယ် ဆိုတာကို သိနိုင်စေမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူ့ကိုအသိအမှတ်ပြုတယ် ၊ အသိပေးတယ် လို့ ခံစားနေရပြီဆိုရင်

သုတေသန တစ်ခုက ဖော်ပြခဲ့ဖူးတာက အမျိုးသားတွေဟာ အသိအမှတ်ပြုခံလိုကြပြီး အဲဒီ အသိအမှတ်ပြုမှုကသာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး ကို ဖန်တီးပေးမှာပါ။

၂။ သင့်အတွက် သူ့ကို လိုအပ်နေတာကို သူသိနေရင်

တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်အားကိုးခြင်းဟာ ကျန်းမာပျော်ရွှင်တဲ့ အချစ်ရေး ရဲ့  အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။

၃။ ပြင်ပြင်ဆင်ဆင်နေတတ်တာကိုလည်း အမျိုးသားတွေက ကြိုက်ကြပါတယ်

သင့်ခင်ပွန်းက သင့်ကိုတော့ ဟောလီးဝုဒ် စတားတစ်ယောက် ဖြစ်လာဖို့ မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် သင်ဟာ ပြင်ပြင်ဆင်ဆင်နေတတ်တယ်ဆိုရင်တော့ သင်ဟာ အိမ်ထောင်ရေးနဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်တယ်လို့ သူ့ စိတ်ထဲမှာ ခံစားမိလာမှာပါ။

၎။ သင်သူ့ကို လေးစား တာကိုလည်း အမျိုးသားတွေက ကြိုက်ကြပါတယ်

အချစ်နဲ့ လေးစားမှုဟာ ညီမျှခြင်းတစ်ရပ်ပါပဲ။ ကိုယ်ချစ်တဲ့သူ တစ်ယောက်က ကိုယ့်ကို လေးလေးစားစား ဆက်ဆံတာဟာ လိင်ပိုင်းဆိုင်ရာ အရရော ခံစားချက်အရပါ ပိုမို ယုံကြည်ချက်ရှိလာစေမှာပါ။

၅။ နှိမ်ချဆက်ဆံတာကိုတော့ အမျိုးသားတွေက မကြိုက်ကြပါဘူး

သင်ဟာ ဒေါသ ထွက်လာတဲ့အခါမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု (PA) တွေကို မသုံးပါနဲ့။ သင်ဒေါသထွက်ရတဲ့ အကြောင်းအရင်းကို နားထောင်ဖို့အတွက် သူ့ကို လုံခြုံတဲ့ ခံစားချက်ရှိနေပါစေ။

၆။ သင့်ဘ၀မှာ သူဟာ ပထမဦးစားပေးဖြစ်တယ်ဆိုတာကို သူသိနေရင်

ခင်ပွန်းတိုင်းဟာ ဇနီးသည်တွေအတွက် သူတို့ဟာ အရေးပါကြောင်း သိချင်ကြပါတယ်။ သင်ဟာ သူ့ကိုတစ်ကယ် လိုအပ်လာတဲ့အခါမှာ သူ့အနေနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေပြီး သင်လုပ်သမျှ နောက်ကွယ်ကနေ ပံပိုးပေးဖို့ သင်ဟာ သူ့ကို ရာနှုန်းပြည့် ဦးစားပေးဖို့လည်း လိုပါတယ်။

၇။ သူ့မိသားစုနဲ့ အဆင်ပြေအောင်နေရင်

မိသားစုနဲ့ ချစ်သူနဲ့ တစ်ခုခုကို ရွေးချယ်ရတယ်ဆိုတာ အမျိုးသားတွေ အမုန်းဆုံးပါ။ ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံး အဆင်ပြေအောင် သူ့ရဲ့ မိသားစု ကို လိုက်လျောညီထွေ ဆက်ဆံပါ။

၈။ သူ့နဲ့သာ ချစ်တင်းနှောလိုတဲ့ဆန္ဒရှိတာကို သူသိတဲ့အခါ

ယောကျာင်္းတွေ ဘယ်လောက် နှာဗူးထတယ် ၊ ဘယ်လောက် လိင်ကိစ္စကို စိတ်ဝင်စားတယ်ဆိုတာ အကြောင်းမဟုတ်ပါဘူး။ သင့်အနေနဲ့ သူတစ်ယောက်ထဲကိုသာ စိတ်ဝင်စားတယ်ဆိုတာ သူသိသွားရင် အိမ်ထောင်ရေး သုခ ဆိုတာလည်း အလိုလို ပြည့်စုံလာမှာပါ။Ref:yourtango

No comments

Powered by Blogger.