ထူးထူးခြားခြား တက္ကသိုလ်ကျောင်းတော် စည်းမျဉ်းများ
ကမ္ဘာအနှံ့အပြားက တက္ကသိုလ်တွေမှာ ချမှတ်ထားတဲ့ ထူးခြားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဘယ်တက္ကသိုလ်တွေမှာ ဘယ်လိုစည်းမျဉ်းအဆန်းကြီးတွေ ချမှတ်ထားသလဲဆိုတော့
-Chennai ပြည်နယ်မှ တက္ကသိုလ်တစ်ခုက ကျောင်းဝင်းထဲမှာ romantic ဆန်တဲ့ ringtone တွေကို မသုံးဖို့ တားမြစ်ထားပါတယ်။ ကျောင်းသားတွေအကြား အချစ်စိတ်တွေ နှိုးဆွသလိုဖြစ်မှာ စိုးလို့လို ဆိုပါတယ်။
-Chennai ပြည်နယ်မှ နောက်ထပ် တက္ကသိုယ်တစ်ခုက ကျောင်းဝင်းတွင်းမှာ ယောက်ျားလေးနဲ့ မိန်းကလေးလုံးဝ ရောနှောနေလို့ မရပါဘူး။ ရောနှောနေတာတွေ့ရင် မိဘခေါ်ခံရ ပါတယ်။ နောက်ပြီးယောက်ျားလေးတွေကို ပြင်သစ်စတိုင် မုတ်ဆိတ်မွေးထားခြင်းနဲ့ အပြောင်အပျက် ဆံပင်ပုံစံထားခြင်းများကို တားမြစ်ထားပါတယ်။
-Karnataka တက္ကသိုလ်အတွင်းက မိန်းကလေး ဘော်ဒါဆောင်ထဲမှာ နိုင်ငံပိုင်ရုပ်သံလိုင်းကလွှင့်တဲ့ channel တွေကလွဲပြီး တခြားရုပ်သံလိုင်းတွေ ကြည့်ခွင့်မရှိပါဘူး။ နောက်ပြီး ဆံပင်အခြောက်ခံစက် (hair dryer)ယူခွင့်ပြုပေမဲ့ ဆံပင်ဖြောင့်စက်တော့ ယူခွင့်မရှိပါဘူး။
-USA က ကောလိပ်တစ်ခုမှာ ကျောင်းသားတွေက ဆရာဝန်ဆေးစာမပါဘဲ မုတ်ဆိတ်ထားလို့မရပါဘူး။ ဆရာဝန်ဆေးစာမှာ မုတ်ဆိတ်ရိတ်ရင် အန္တရာယ်ရှိနိုင်တဲ့ အသားအရေမျိုးဖြစ်တယ်ဆိုတာ ပါရပါမယ်။ဆံပင်ကိုလည်း နားရွက်မကျော်အောင် ထားရပါတယ်။
-Florida ပြည်နယ် ကောလိပ်တစ်ခုမှာတော့ သတ်မှတ်အချိန်ထက်ပိုပြီး စာကျက်လို့မရပါဘူး။ ပြည်တွင်းဖုန်းခေါ်ဆိုမှုကိုလည်း မိနစ် ၃၀ ထက် ပိုလို့မရပါဘူး ။ နောက်တစ်ချက်က အသံတိတ်တိတ်ဆိတ်ဆိတ်ရှိရမယ့် အချိန်တွေမှာ ရေချိုးရင် သီချင်းအော်ဆိုလို့ မရပါဘူးလို့ တားမြစ်ထားပါတယ်။
-USA က တက္ကသိုလ်တစ်ခုမှာ ဟော်လိုးဝင်းနေ့ရောက်ရင် ပယောဂကုပေးတဲ့သူကို အနီးက သချိုင်္င်းတစ်ခုမှာ သွားတွေ့ရပြီး ၁၂ နာရီထိုးချိန်မှာ လ ကိုကြည့်ပြီး အူ ရပါတယ်တဲ့။
-USA ကအခြားတက္ကသိုလ်တစ်ခုကတော့ သချာင်္တွက်ချက်မှု အနည်းငယ်လုပ်ပြီးတဲ့အခါမှာ အေးခဲထားတဲ့ ဖရုံသီးတွေကို ပေ ၃၀၀ အမြင့်ရှိတဲ့ အဆောက်အဦးပေါ်ကနေ ပစ်ပေါက်ရပါတယ်တဲ့။
-Atlanta ကယောက်ျားလေး ကောလိပ်တစ်ခုမှာ စာသင်ခန်း၊ ကင်တင်းနဲ့ ကျောင်းဝင်းထဲက တခြားဘယ်နေရာမှာမှ ဦးထုပ်ဆောင်းတာ၊ ခေါင်းစွပ်စွပ်တာ လုပ်ခွင့်မရှိပါဘူးတဲ့။
Ref:timesofindia.indiatimes
No comments