ချစ်သူနဲ့ လမ်းခွဲပြီးနောက် လူမှုကွန်ယက်တွေပေါ်မှာ လုပ်သင့်တဲ့အရာတွေနဲ့ မလုပ်သင့်တဲ့အရာတွေ


ချစ်သူနဲ့လမ်းခွဲပြီးမှ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေထဲ ခဏခဏ ၀င်ကြည့်လေ ပိုပြီးစိတ်ဆင်းရဲခံစားရလေဖြစ်မှာပါ။ ပိုပြီး စိတ်ဆင်းရဲ ခံစားရတာနဲ့အမျှ အသည်းကွဲဝေဒနာကို ကုစားဖို့ ပိုပြီး ခက်ခဲလေဖြစ်နေမှာပါ။ ဒါကြောင့် ဖေ့စ်ဘွတ်သုံးပြီး လုပ်သင့်တဲ့ အရာတွေနဲ့ မလုပ်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီထဲကမှ လုပ်ရမယ့်အရာတွေကတော့-

ရည်းစားဟောင်းရဲ့ စာမျက်နှာထဲဝင်ဝင်ပြီး ကြည့်မနေပါနဲ့။ သူ့ကို သူငယ်ချင်းအဖြစ်က ရပ်စဲလိုက်ပါ။ သူ့အမျိုးတွေ၊သူငယ်ချင်းတွေနဲ့လည်း သူငယ်ချင်းမလုပ်ပါနဲ့တော့။ ဒီလိုမဟုတ်ရင် ကိုယ်မမြင်ချင်တာတွေ မြင်တွေ့ရနိုင်ပါတယ်။ သူ့အတွက် ပေးရမယ့် အချိန်တွေကို ကိုယ့်အတွက် စိတ်ပျော်ရွှင်စေမယ့်အရာတွေ လုပ်ဖို့ သုံးပစ်လိုက်ပါ။

ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို online ပေါ်မတင်ပါနဲ့။ ကိုယ်နဲ့အဆင်မပြေလို့ပြတ်စဲသွားတဲ့ လူတစ်ယောက်အကြောင်း တင်တာက ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် သူ့ကို စိတ်ဝင်စားနေသေးတယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ကိုယ့်အတွက် အနှုတ်သဘောဆောင်တဲ့ အဖြေပဲ အများဆုံး ရနိုင်တဲ့ အတွက်ကြောင့်ပါ။

ရည်းစားဟောင်းရဲ့ ချစ်သူအသစ်နဲ့လည်း သူငယ်ချင်းမလုပ်ပါနဲ့။ လုပ်မိခဲ့ရင် တခြားသူတစ်ယောက်နဲ့ သူ့လမ်းသူလျှောက်ဖို့ ရွေးချယ်သွားတယ်ဆိုတာ ပိုသေချာသွားပေမဲ့ လူ့သဘာဝအရ လွတ်တဲ့ငါး ပိုကြီးတတ်သလို ဆုံးရှုံးပြီးမှ ပိုတန်ဖိုးရှိသလို ခံစားရတတ်တာကြောင့် သူငယ်ချင်း မလုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။

လုပ်ရမယ့် အရာတွေကတော့-

ကိုယ်ဖေ့စ်ဘွတ် အသုံးပြုနေကျပုံစံကို ပြင်လိုက်ပါ။ မတွေ့တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို ရှာပြီး သူတို့ အကြောင်းအရာတွေကို ဖတ်ကြည့်တာမျိုး၊ကိုယ့်အတွက် စိတ်ခွန်အားဖြစ်စေမယ့် စာမျက်နှာတွေ၊ကိုယ် ဝါသနာပါတဲ့ အလုပ်တွေအကြောင်းလေ့လာတာမျိုးတွေနဲ့ ပြောင်းလဲသင့်ပါတယ်။

ကိုယ်က တစ်ကိုယ်တည်းဖြစ်နေပြီဆိုတာ အသိပေးပြီး မိတ်ဆွေအသစ်တွေ ရှာဖွေပါ။ ကိုယ်တစ်ယောက်တည်း ဘဝကို ဖြတ်သန်းမှာ မဟုတ်တဲ့အတွက် ကိုယ့်ဘဝရဲ့ မိတ်ဆွေ၊လက်တွဲဖော်အသစ်ကို စပြီးရှာဖွေပါ။

ကိုယ့်အကြောင်းရေးထားတယ်လို့ ယူဆတဲ့ စာတွေကို လျစ်လျူရှုထားလိုက်ပါ။ ရည်းစားဟောင်းကဖြစ်စေ၊ အပေါင်းအသင်းတွေက ဖြစ်စေ ကိုယ့်ကောင်းကြောင်း မကောင်းကြောင်းတွေရေးပြီး တင်ထားတာတွေကို ဖတ်မနေပါနဲ့။ ခွင့်လွှတ်ပေးလိုက်ခြင်းက လက်တွေ့ ပျော်ရွှင်စေတဲ့ နည်းလမ်းတစ်ခုဖြစ်မှာပါ။

Ref:yourtango 

No comments

Powered by Blogger.