သဲတူးမှုကြောင့် ပျောက်ကွယ်ဆုံးရှုံးနိုင်သည့် ငပလီကမ်းခြေ
သောင်ပြင်ရှိ သဲများကို တူးယူသယ်ဆောင်နေသည့်ယာဉ်တစ်စီး (ဓာတ်ပုံ-Denise Hruby)
သဲတင်ကားများက ကမ်းခြေ၏ နေရာတိုင်း မှာ ရှိနေပါသည်။ ကမ်းခြေ၏ ထောင့်ကွေးအချိုး အားလုံးမှာ သဲတင်ကားအသစ် တစ်စီးစီးက စောင့်နေပါသည်။ မြန်မာနိုင်ငံက အကောင်းဆုံး ကမ်းခြေတစ်ခုဖြစ်သော ငပလီ ကမ်းခြေက ဖြူလွလွသဲများကို သဲတူးသူအလုပ်သမားများက ဂေါ်ပြားများဖြင့် ထိုးကော်ကျုံးပြီး ကားပေါ်ကို တင်နေကြပါသည်။ သဲကျုံးမှုကြောင့် ကမ်းခြေတစ် လျှောက် ချိုင့်ခွက်ပေါက်ကြီးများ ဖြစ်လာနေပါသည်။
တချို့ချိုင့်ခွက်ကြီးများသည် အနီးနားဇိမ်ခံဟိုတယ်ကြီးများက ရေကူးကန်များထက်ပင် ကြီးပါ သည်။ ဘိလပ်မြေဖျော်ရာမှာ အဓိကကုန်ကြမ်းတစ်ခုအနေဖြင့် သဲသည် အထပ်မြင့်အစ တံတား အထိ ဆောက်လုပ်ရေးလုပ်ငန်း များအတွက် အဓိကကုန်ကြမ်း ပစ္စည်းဖြစ်လာပါသည်။ သို့သော် မြန်မာနှင့် အရှေ့တောင်အာရှမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ထွန်းကားလာသည့်အလျောက် သဲရရှိရန် အခက်အခဲရှိလာပါ သည်။ ထို့ကြောင့် တရားမဝင် သဲတူးမှုများဖြစ်လာစေပြီး မြန်မာ နိုင်ငံ၏ သဘာဝဝန်းကျင်နှင့် တိုး တက်လာနေသော ခရီးသွားလုပ် ငန်းကို ထိခိုက်လာပါသည်။
မြန်မာကို ရက်စက်ကြမ်း ကြုတ်သော စစ်အစိုးရများက နှစ် ပေါင်းများစွာ အုပ်ချုပ်ခဲ့၏။ ထို အချိန်က အရှေ့တောင်အာရှက အဆင်းရဲဆုံး မြန်မာကိုလာရောက် လည်ပတ်သူ ကမ္ဘာလှည့်ခရီးသွား အနည်းငယ်မျှသာရှိခဲ့ပြီး နိုင်ငံအ နောက်ပိုင်း ရခိုင်ပြည်နယ်က ငပ လီကမ်းခြေကိုလည်း လူအနည်းစု ကသာ လာလည်ခဲ့သည်။ ၂၀၁၁ အထိ မြန်မာကို နှစ်စဉ်လည်ပတ် သူ နိုင်ငံတကာခရီးသွားဦးရေ တစ်သန်းတောင်မပြည့်ခဲ့ပါ။ စစ် အစိုးရကနေ တိုင်းပြည်ကို လမ်း ဖွင့်ပေးပြီး အရပ်သားအစိုးရဆီသို့ အာဏာပြောင်းလိုက်သောအခါ မြန်မာကို ယခုအချိန်မှာ လာ ရောက်သူခရီးသွားဦးရေ နှစ်စဉ် လူငါးသန်းအထိရှိမည်ဟု ခန့်မှန်းရသည်။
အနောက်တိုင်းသား ခရီး သည်များအတွက် ငပလီသည် သီးသန့်နိဗ္ဗာန်ဘုံလို သာယာလှပ သည့် ကမ်းခြေဖြစ်နေဆဲပင်။ ဖြူ ဖွေးသော ကမ်းခြေ၊ လတ်ဆတ် သော ပင်လယ်စာနှင့် အသားထူ လှသည့် အုန်းသီးများကြောင့် ဖြစ် သည်။ ငပလီမှာ ဖုန်းဆက်သွယ် ရေးလိုင်းများ မမိသလို အော်ဟစ် ရောင်းချတတ်သော ဈေးသည် များလည်း လာဖို့ခဲယဉ်း၏။ ၂၀၁၂ ကစပြီး ငပလီသို့ လာ ရောက်သည့် နိုင်ငံတကာခရီးသွားဦးရေကြောင့် ဟိုတယ်အရေအ တွက်က နှစ်ဆတိုးလာ၏။ ဆောက်လုပ်ရေးလုပ်ငန်း အများ အပြားတိုးတက်လာသောကြောင့် ဒေသကမ်းခြေနေရာများက ယူကြရသည့် သဲများကို အရေးတကြီး လိုအပ်လာသည်။ ထို့ကြောင့် ငပ လီကမ်းခြေက သဲများသည် အားလုံးအတွက် အလကားလိုဖြစ်လာ သည်။
ကမ်းခြေက သဲတွေကို ကျုံး ယူမှုနှင့်ပတ်သက်ပြီး လူအနည်း ငယ်လောက်ကသာ အကျိုးဆက် ကို တွေးကြပါသည်။ စစ်အစိုးရ လက်အောက်မှာ သဘာဝဝန်း ကျင်အကြံပေးအဖြစ် ဆောင်ရွက် ဖူးသူ ဦးအော်လီဗာစိုးသက်ဟု မြန်မာနာမည်ဖြင့် ဂျာမန်အမျိုး သားကတော့ သည်လုပ်ရပ်သည် သဘာဝဝန်းကျင်အား ထိခိုက်မည် ကို သိရှိသဘောပေါက်သည်။ သူ က ငပလီကမ်းခြေဆုတ်ယုတ်လာ ပုံနှင့်ပတ်သက်ပြီး မှတ်တမ်းလုပ် ထားသည်။
သဲများမရှိတော့သည့်အ တွက် ရေကြောင်းလည်း စတင် ပြောင်းလဲနေပြီဟု ဦးစိုးသက်က ပြောပါသည်။ ညနေတိုင်းမှာ ဒီရေ လှိုင်းများက အရင်ကထက် ကမ်းခြေနားပိုနီးကပ်လာပါသည်။ ထို့ ကြောင့် သည်ဒေသကို မုန်တိုင်း ကနေ ကာကွယ်မှုကို အားပျော့ စေပါသည်။ ထို့အပြင် ဒီရေလှိုင်း တွေ မြင့်လာသည့်အတွက် ပင် လယ်ရေတွေက ပိုဝင်လာပြီး လယ်တွေကလည်း စိုက်ပျိုးရေး လုပ်ဖို့အတွက် ဆားငန်မြေတွေ ဖြစ်လာပါသည်။
‘‘တစ်ခါတလေခင်ဗျား ဒီနေ ရာမှာ သဲကားဆယ်စီးလောက် မြင်ရတယ်။ သူတို့က သဲတွေကို ပြည့်မောက်တဲ့အထိ အကုန်ကော်ကျုံးသွားတာ’’ဟု ဦးစိုးသက်က ဆိုသည်။ ငပလီကမ်းခြေကို မုန် တိုင်းနှင့် ရေလွှမ်းမိုးမှုက ကာ ကွယ်ရန်ဆောက်ထားသည့် နှစ် ပေါင်းများစွာရှိနေသည့် မြေထိန်း နံရံများလည်း သူတို့အောက်က သဲတွေမရှိသဖြင့် ယခုအခါ ရေ မြုပ်လာပါသည်။
ငပလီက တူးကြသည့် သဲ အများစုသည် ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဖြစ် ပါသည်။ တချို့ကိုတော့ တခြား မြို့ကြီးများက ပွဲစားတွေဆီရောင်းရန် သယ်သွားသည်ဟု ဆိုပါသည်။ လိုက်လံမေးမြန်းစုံစမ်းခဲ့ရာတွင် ဘယ်သူကမျှ ကုန်တင်ကားအ ပြည့်နှင့် သည်သဲများ ဘယ်ကို ရောက်ကုန်မှန်း အတိအကျမသိ ကြပါ။
သို့သော် မြန်မာနိုင်ငံမှာက စည်းမျဉ်းစနစ်တွေ အားနည်း သည့်အတွက် ကုန်သွယ်မှုများက သိသာပွင့်လင်းမှုမရှိဟု ကုလ သမဂ္ဂ သဘာဝဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့က သဲကျွမ်းကျင်သူ ပါစ ကယ်လ်ပီဒီဇီက ပြောပါသည်။
‘‘ဒါက အခုမှဖြစ်လာတဲ့ ပြဿနာဆိုတော့ တာဝန်ရှိသူ တွေက မသိကြသေးဘူး။ အထူး သဖြင့် တိုးတက်ဖွံ့ဖြိုးစနိုင်ငံတွေ မှာ ဒီအချက်က တရားမဝင်သဲတူး တာတွေကို ဖြစ်လာစေတယ်’’
ဟိုတယ်ပိုင်ရှင်များဆီက တိုင်ကြားမှုများ အတော်များလာ သည့်အတွက် ၂၀၁၄ ၌ ကမ်းခြေ မှာ သဲတူးခြင်းကို အစိုးရက ထပ် ပြီးပိတ်ပင်ခဲ့ပါသည်။ သို့သော် လည်း သည်ပိတ်ပင်မှုကို မည် သည့်အခါမှ ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိပါ။
ပြီးခဲ့သည့် ဧပြီက ဒုတိယ သမ္မတသို့ ပို့လိုက်သည့် စာတစ် စောင်မှာ (MCRB)စီးပွားရေးလုပ် ငန်းအဖွဲ့က သဲတူးမှုများ မရပ် ကြောင်း ပြောကြားတင်ပြခဲ့သည်။ ထို့အပြင် စောင့်ကြည့်လေ့လာမှု များအရ ၂၀၁၅ မှာ သဲတူးဖော်မှု များ ပိုပြီးများလာနေသည်ဟု အ ဆိုပါစာမှာ ဖော်ပြထားပါသည်။
သဲလိုအပ်ချက်က ငပလီ ဒေသတွင်သာမဟုတ်ပါ။ တစ် ကမ္ဘာလုံးလည်း ထိုနည်းနှင်နှင် ပင်။ ကုလသမဂ္ဂ၏ ပြောကြား ချက်အရ သဲနှင့် ကျောက်စရစ် သည် ကမ္ဘာမှာ တူးဖော်ခြင်း အ များဆုံး တွင်းထွက်ပစ္စည်းများဖြစ် ပြီး ကမ္ဘာတစ်ဝန်းလုံး ဆောက် လုပ်ရေးလုပ်ငန်းများအတွက် နှစ်စဉ်လိုအပ်ချက် တန်ချိန် တင် ၄၀ ဘီလီယံအထိရှိသည်ဟု ဆို သည်။
သို့သော် သဲပညာရှင် မစ္စတာပီဒူဇီ၏ ပြောကြားချက်အရ သဲ တရားမဝင်တူးခြင်းသည် အာရှ တိုက်၌ အများဆုံးဟု သိရသည်။
‘‘အာရှက တိုးတက်လာနေ တယ်။ ဒါကြောင့် တစ်ကမ္ဘာလုံး က ကုန်ကြမ်းတွေအကုန်လုံးကို သိမ်းကျုံးယူနေတာ’’
ယနေ့ခေတ်မှာ ကမ္ဘာပေါ်က လူ ၁၀ ဦးအနက် ခြောက်ဦးက အာရှမှဖြစ်သည်။ တချို့နေရာ များတွင် အာရှတိုက်၏ တိုးတက် များပြားလာသော လူဦးရေသည် အနောက်နိုင်ငံများကဲ့သို့ အထက် သက်သို့ နေရာချဲ့ထွင်နေလာခြင်း မဟုတ်။
ဥပမာ ကျွန်းနိုင်ငံဖြစ်သော စင်ကာပူတွင် ၁၉၆၅ ကတည်းက စလျှင် နိုင်ငံဧရိယာ ၂၂ ရာခိုင်နှုန်း တိုးလာသည်။ စင်ကာပူ၏ အ ထင်ကရနေရာများဖြစ်သော မာရီနာဘေးကာစီနိုဟိုတယ်သည် သဲ ပေါ်မှာ ဆောက်ထားခြင်းဖြစ်၏။ စီမံကိန်းအရ စင်ကာပူသည် နောင်လာမည့် ၁၅ နှစ်အတွင်း နိုင်ငံ၏ လူဦးရေတိုးတက်လာမှုကို ကာမိ စေရန် နောက်ထပ် ၂၂ စတုရန်း မိုင် နိုင်ငံကို ထပ်တိုးချဲ့သွားမည် ဟု ဆိုပါသည်။
စင်ကာပူနိုင်ငံ မြေတိုးချဲ့ဖို့ သုံးသည့် သဲများသည် မြန်မာ နိုင်ငံက သဲများဖြစ်သည်။ ၂၀၁၀ မှာ မြန်မာစစ်ဗိုလ်ချုပ်တွေက နိုင်ငံကို လမ်းဖွင့်ပေးသည့်အချိန် မှာ နယ်စပ်ကနေ နိုင်ငံတကာကုန် သွယ်ရေးကိုလည်း ဖွင့်ပေးခဲ့၏။ မြန်မာနိုင်ငံသည် စင်ကာပူဒေါ် လာ ၅ ဒသမ ၆ သန်းတန်ဖိုးရှိ သဲ တန်ချိန် ၂ ဒသမ ၂ ဘီလီယံကို စင်ကာပူသို့ ပို့ခဲ့သည်။ ၂၀၁၄ တွင်သည်တင်ပို့မှုက ငွေပမာဏ စင် ကာပူဒေါ်လာ ၁၅ ဒသမ ၁၁ သန်းအထိ ပမာဏသုံးဆတက်လာခဲ့ သည်။ သို့သော် ထိုပြည်ပတင်ပို့ သည့် သဲများကို ဘယ်ကနေ တူး လာသည်ဆိုတာကိုတော့ မြန်မာ က အစီရင်ခံခြင်းမပြုပါ။
သဲများ တရားမဝင်ခိုးတူးမှု နှင့် ခိုးပြီးတင်ပို့မှုများကို မှတ်တမ်း လုပ်တင်ပြခြင်းမရှိသဖြင့် တကယ့်တင်ပို့သည့် ပမာဏအစစ်အမှန် သည် သည့်ထက်ပိုများနိုင်ပါ သည်။
‘‘အစီရင်ခံတာတွေ မှတ် တမ်းမှတ်ရာတွေမရှိတော့ တရား မဝင်ခိုးတင်နေကြတဲ့ အရေအ တွက်ကို သိဖို့ခက်တယ်’’ဟု မစ္စတာပီဒူဇီက ပြောပါသည်။
သို့သော် သေချာစွာ အတိ အကျပြောနိုင်သည်က ကန့်သတ် မှုနှင့် ရှားပါးမှုကြောင့် သဲသည် နောင်အနာဂတ်တွင် ပိုပြီးအရေး ကြီးလာမည့် ကုန်ပစ္စည်းတစ်ခု ဖြစ်လာမည်ဟု (MCRB)အဖွဲ့က ဗစ်ကီဘိုးမင်းက ဆိုသည်။
‘‘ပြဿနာက မြန်မာအစိုးရ က သဲကိုစီးပွားရေးတန်ဖိုးအရ ထည့်မတွက်တာပဲ။ မြန်မာပြည် က အရှေ့တောင်အာရှမှာ အကြီး ဆုံးနဲ့ အများဆုံးသဲထွက်တဲ့နေရာ ဖြစ်နေပေမယ့် ဒါနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက် တဲ့ အဖွဲ့အစည်းစနစ်မရှိဘူး’’ သဲ တူးခြင်းသည် ငပလီကမ်းခြေတွင် သာမကဘဲ တောင်ပိုင်းမှာရော မြစ်တွေများတွင်ပါ တူးနေကြပြီ ဟု သူက ပြောပါသည်။
ကုန်သွယ်ရေးကို ထိန်းချုပ် ကန့်သတ်မှုလုပ်ရန် စစ်အစိုးရများသည် များများစားစားဆောင်ရွက် မှုများ မရှိပါ။ မကြာသေးမီက ငပလီဒေသအာဏာပိုင်များက သဘာဝပတ်ဝန်းကျင်သမားများ ဘက်က ရပ်တည်ပြီး သဲတူးမှုပိတ် ပင်ခြင်းအား ထိထိရောက်ရောက် ဆောင်ရွက်ရန် ရဲများကို အမိန့် ပေးသည်ဟု ဦးစိုးသက်က ပြော ပါသည်။ သည်ဆောင်ရွက်မှု သည် ဖေဖော်ဝါရီ ၁ ရက်နေ့တက် လာသည့် ဒေါ်အောင်ဆန်းစု ကြည်၏ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်မတိုင်ခင် ယခင်အစိုးရ မဆင်းမီ ရက်အနည်းငယ်အလို မှာပင် ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။
အင်န်အယ်လ်ဒီအစိုးရအဖွဲ့ အနေဖြင့် ယခင်အစိုးရ၏ ပြဿ နာကြီးများကို အမွေဆက်ခံရမည် ဖြစ်ပါသည်။ သို့သော်လည်း တိုင်းပြည်၏ လုံခြုံရေးကို စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်သည်။ မြန်မာပြည်၏ လူဦးရေ လေးပုံ တစ်ပုံသည် ဆင်းရဲမွဲတေနေဆဲ ဖြစ်သည်။ အကျင့်ပျက်ခြစားမှု များက ကြီးစိုးနေသလို ခေတ်မီ ဖွံ့ဖြိုးမှုအခြေခံများကလည်း အား နည်းလှသည်။ ဗုဒ္ဓဘာသာနှင့် မွတ်စလင်လူမျိုးများကြားက အ ကြမ်းဖက်မှုများကလည်း ပြဿ နာတွေ ရှိနေဆဲပင်။
အခြေခံအားဖြင့် သဲတူးတာ ထက်ဖြေရှင်းဖို့လိုသည့် ပြဿနာ များ မြန်မာမှာ အတော်များများ ရှိနေသည်ဟု ဦးစိုးသက်က ပြော ကြားသည်။ သူ့အနေနှင့် အ ကောင်းဆုံးလုပ်နိုင်တာက ဒေသ ခံများအကြားမှာ သည်ပြဿနာ ကို အသိများလာအောင် လုပ်ခြင်း ဖြစ်သည်ဟု ယူဆသည်။ ထို့ ကြောင့် သည်သဲတူးမှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက် သည်ဆိုတာထက် ဒေသ၏ စီးပွားရေးကို ထိခိုက်နိုင်မည်ဟု သူက ဒေသခံတွေ အလွယ်တကူနား လည်သော သတင်းစကားကို ပါး ခဲ့သည်။ လှပသည့် သဲသောင်တွေ မရှိလျှင် ခရီးသည်တွေလည်း လာမှာမဟုတ်ဘူးဆိုသည့် စကားကို သူက လူတွေကို အသိပေးခဲ့ သည်။
‘‘သဲမရှိလျှင် ဧည့်သည်လည်းမရှိပါ’’ဟု ခပ်ရှင်းရှင်းရေးထား သော သူက အသိပေးဆောင်ပုဒ် ကို ငပလီဒေသက ပိုစတာကြော် ငြာများမှာ ဖတ်ရှုနိုင်ပါသည်။ သို့ သော်လည်း သည်ကိစ္စက အတော် လုပ်ယူရဦးမည့်ကိစ္စတစ်ခုဖြစ် သည်။ ထိုကြော်ငြာပိုစတာများ၏ ဘေးက ကားဘီးရာလမ်းကြောင်း က ကမ်းခြေဆီသို့ ဦးတည်ဆင်း သွားသည်။ ထိုနေရာမှာ အလုပ် သမားများ သဲတူးနေကြပါသည်။
သူတို့ကို မတားဆီးကြဘူး ဆိုလျှင် ၂ နှစ်အတွင်း ငပလီကမ်း ခြေက သဲတွေ ကုန်သွားနိုင်သည် ဟု ဦးစိုးသက်က ဆိုသည်။ သို့ သော် ဒေသအာဏာပိုင်တို့၏ မကြာသေးခင်က အားပေးဆောင် ရွက်ချက်ကြောင့် သူ့အနေဖြင့် မျှော်လင့်ချက်များ ပိုရှိလာသည် ဟု ဆိုပါသည်။ သည်အချက်က အနည်းဆုံး သူ၏ လှုပ်ရှားမှုကို အလေးထားမှုများရှိလာသည့်ဆို သည့် သဘောပင်။
‘‘နောင်အနာဂတ်မှာ သဲ သောင်ကမ်းခြေကို ပိုင်ဆိုင်ချင် သေးရင် လူတိုင်းအတူပူးပေါင်း ဆောင်ရွက်ကြဖို့ လိုပါတယ်’’
(Earth Island Journal က ဆောင်းပါးရှင် DENISE HRUBY ၏ Grain by Grain, Truck by Truck: How Myanmar Is Losing its Beaches ဆောင်းပါး ကို ထားထားမြင့် ဘာသာပြန်ဆို သည်။)
(ဆောင်းပါးရှင် DENISE HRUBY သည် သတင်းရေးသားခြင်းနှင့် ပတ်သက်ပြီး ဆုအတော်များများ ကို ဆွတ်ခူးခဲ့သည့် အမျိုးသမီး သတင်းစာဆရာတစ်ဦးဖြစ်ပါ သည်။ ၂၀၁၄ အာရှတိုက်ဆိုင်ရာ လူငယ်သဘာဝပတ်ဝန်းကျင်ဆိုင် ရာ သတင်းသမားဆုကို ဆွတ်ခူး ခဲ့သူလည်း ဖြစ်ပါသည်။)
Ref;7daydaily
No comments