သင့်အိမ်တွင်းရှိ စိတ်ဖိစီးမှု ဖြစ်စေနိုင်တဲ့ အရာများ
စိတ်ဖိစီးမှုများလာတဲ့အခါ အစားကို အလွန်အကျွံ စားမိတတ်တာမျိုး၊ညဘက်အိပ်မပျော်တာမျိုးဖြစ်စေတတ်သလို လက်သည်းကိုက်မိတဲ့ အကျင့်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်တဲ့။ သိပ္ပံနည်းကျ လေ့လာမှုတွေအရ ကိုယ့်အိမ်မှာ ရှိနေတဲ့ အရာတချို့က စိတ်ဖိစီးမှု ပိုဖြစ်စေနိုင်ကြောင်းတွေ့ရှိရပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှု ပိုပြီး ဖြစ်စေနိုင်တဲ့အရာတွေကို ဖယ်ရှားပစ်နိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။
၁)အိမ်မှာ ပစ္စည်းများရှုပ်ပွနေခြင်း
စာအုပ်ပုံတွေ၊ကစားစရာအရုပ်တွေ၊မလျှော်ရသေးတဲ့အ၀တ်တွေနဲ့ မဆေးရသေးတဲ့ ပန်းကန်တွေက စိတ်ရှုပ်စရာတွေဖြစ်နေပြီး ဖိစီးမှုများစေပါတယ်။
၂)ဆူညံနေတဲ့ TV အသံများ
TVတွေ၊သီချင်းတွေကို ကျယ်လောင်စွာဖွင့်တဲ့အကျင့်က ကိုယ့်ကို စိတ်ဖိစီးမှု ပေးနိုင်တဲ့အတွက် အဲ့ဒီ အကျင့်ကိုပြောင်းလဲပစ်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။
၃)အလွယ်တကူစားနိုင်တဲ့ အစားအသောက်များ
ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေက စိတ်ဖိစီးမှု သက်သာစေပေမဲ့ လွယ်လွယ်စားလို့ရတဲ့ အမြန်စာ တွေကတော့ စိတ်ဖိစီးမှု ပိုပြီးဖြစ်စေနိုင်ပါတယ်။
၎)ငွေရှင်းပြေစာတွေ
ဘ၀ရဲ့ စိတ်ဖိစီးမှု ၇၅%က ငွေကြေးအခြေအနေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့် ငွေရှင်းပြေစာတွေကို လွှင့်ပစ်လို့မရဘူးဆိုရင်တောင် သီးသန့် သိမ်းဆည်းထားရင် ပိုကောင်းတယ်လို့ဆိုပါတယ်။
၅)အိမ်မှာ အတူနေတဲ့သူတွေ
ကိုယ့်နဲ့ အတူနေတဲ့ အိမ်သားတွေနဲ့ အမြဲသဟဇာတဖြစ်နေဖို့ဆိုတာ မလွယ်ပါဘူး။ကလေးတွေကို ဒေါသထွက်တာ၊ဇနီး/ခင်ပွန်းနဲ့ ရန်ဖြစ်တာတွေက အဓိက စိတ်ဖိစီးမှုဖြစ်စေတဲ့အတွက် တစ်ယောက်တည်းနေတဲ့ ကိုယ်ပိုင်အချိန် ရှိဖို့ ကြိုးစားသင့်ပါတယ်။
၆)မှန်တွေ
ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကို အမြဲမြင်နေရတာကလည်း စိတ်ဖိစီးမှုဖြစ်စေတဲ့လို့ ၅၀%သော သူတွေကဆိုကြပါတယ်။ ဒါကြောင့် အိမ်ရဲ့ နေရာတိုင်းမှာ မှန်တွေနဲ့ အလှဆင်တာကို ရှောင်ကြဉ်သင့်ပါတယ်။
၇)အိမ်ကို ရုံးအလုပ်တွေ ယူလုပ်တတ်တာ
အိမ်မှာ အလုပ်ယူလုပ်တတ်တာက မိသားစုဘ၀ကို မကောင်းကျိုးသက်ရောက်စေပြီး စိတ်ဖိစီးမှုအရမ်းများစေပါတယ်။
၈)မသိမ်းရသေးတဲ့ အိပ်ယာများ
ရှုပ်ပွနေတဲ့ အိပ်ယာတွေကို မြင်နေရတာက နေ့တစ်နေ့ရဲ့ အစမှာတင် စိတ်ရှုပ်ထွေးမှုကို ကြုံစေသလို ဖြစ်ပါတယ်။ဒါကြောင့် နိုးတာနဲ့ အိပ်ယာသိမ်းတဲ့အကျင့်က ညဘက်ပင်ပန်းလာတဲ့အခါ ပိုပြီး ကောင်းကောင်းမွန်မွန် အိပ်ပျော်စေနိုင်သလို နေ့ဘက်မှာလည်း စိတ်ရှုပ်ထွေးခြင်းကို လျော့ပါးစေပါတယ်။
Ref:cosmopolitan
No comments