"ဒေးဒရဲပြတ်ရွေ့ကြောမှ ငလျင် လှုပ်ခတ်ခြင်း ဖြစ် "
ယနေ့(ဖေဖော်ဝါရီ ၂၄ ရက်) နံနက်က ရန်ကုန်မြစ်ဝကိုဗဟိုပြု၍ လှုပ်သောငလျှင်မှာ ဒေးဒရဲပြတ်ရွေ့ကြော လှုပ်ရှားခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်ပါ ခံစားခဲ့ရကြောင်း မိုးလေ၀သနှင့်ဇလဗေဒဒုတိယညွှန်ကြားမှုဦးစီးဌာန (မြေငလျင်ဌာနခွဲ)မှ သတင်းရရှိသည်။
နံနက် ၇ နာရီ ၄၂ မိနစ်က ပြင်းအား ရစ်ခ်ျတာစကေား ၄ ဒသမ ၄ အဆင့်ဖြင့် လှုပ်ရှားသွားခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင်း မြို့နယ်အများစု သိသိသာသာ ခံစားလိုက်ရသောကြောင့် အထပ်မြင့်အဆာက် အဦးတွင်နေထိုင်သူများ ကြောက်ရွှံ့ထိတ်လန့်ခဲ့ကြသည်။
ယင်းငလျင်မှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဒေးဒရဲ ပြတ်ရွေ့ကြာ လှုပ်ရှားခြင်းဖြစ်ပြီး ဖျာပုံ၊ ဘိုကလေးမြို့နယ်တို့တွင်ပါ လှုပ်ရှားမှုရှိ ခဲ့ကြောင်း ငလျင်ဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောသည်။
ဒေးဒရဲ ပြတ်ရွေ့ကြောသည် ပြင်းအား ရစ်ခ်ျတာစကေး ၄ မှ ၅ ပတ်ဝန်းကျင်ရှိ ငလျင်များ(၁) နှစ်လျင် အနည်းဆုံး၃ ကြိမ်ခန့် လှုပ်ရှားပြီး ယင်းပြတ်ရွေ့လှုပ်ရှားတိုင်းလည်း ရန်ကုန်မြို့တွင်ပါ ခံစားရလေ့ရှိ သည်။
၁၈၉၂ ခုနှစ်က ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၅ ဖြင့်လှုပ်ခဲ့ပြီးနောက် အင်အားပြင်းငလျင်များ လှုပ်ရှားခြင်း နှစ်ပေါင်းတစ်ရာ ကျော်နေကြောင်းမြန်မာ နိုင်ငံမြေငလျင်ကော်မတီမှ သမိုင်းမှတ်တမ်းများအရ သိရသည်။
ငလျင်ငယ်များ ပုံမှန်လှုပ်ရှားလေ့ရှိသော ပြတ်ရွေ့ ဖြစ်သောကြောင့် စိုးရိမ်မှုလွန်ကဲရန်မလိုသော်လည်း ငလျင်ကြီးများလှုပ်နိုင်ခြေရှိသည့် ဒေသတွင်း ပြတ်ရွေ့ များတွင် ဒေးဒရဲပြတ်ရွေ့လည်းပါဝင်နေကြောင်း ငလျင်ပညာရှင်များက သတိပေးထားသည်။
Ref;yomalan
No comments