ဖုန်းကို အိပ်ယာထဲ ထားမအိပ်သင့်တဲ့ အဓိက အကြောင်းနှစ်ချက်


လူအများစုက ဖုန်းကို ခေါင်းအုံးအောက်မှာထားပြီး အိပ်လေ့ရှိကြပါတယ် ။ တချို့က အိပ်ခါနီးအချိန်ထိ ဖုန်းကို လက်ကမချနိုင် ဖြစ်နေတဲ့အတွက် ဖုန်းနဲ့ အတူ အိပ်ယာ ၀င်တတ်လာကြပါတယ်။ နှိုးစက်အဖြစ်သုံးဖို့ ဖုန်းကို အနားမှာ ထားအိပ်တဲ့ သူတွေလည်းရှိပါတယ်။ ဒါဆိုရင် ဒီလိုဦးခေါင်းအနီးမှာ ဖုန်းကို ထားအိပ်တာက ကိုယ့်အတွက် တကယ်ကောင်းပါရဲ့လား ။

ပထမအချက်အနေနဲ့ အိပ်တဲ့အချိန် အနီးမှာ ဖုန်းတစ်လုံးရှိနေခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ကို အနှောက်အယှက် ပေးပါတယ်။ ဖုန်းကထွက်တဲ့  အပြာရောင်အလင်းက ဦးနှောက်ထဲမှာ ရှိတဲ့ နူထရွန်ကို နိုးထစေပါတယ်။ အီလက်ထရောနစ်ပစ္စည်းတွေကနေ မလိုလားအပ်တဲ့ အလင်းရောင်တွေ မထွက်ရှိစေချင်ရင် မအိပ်ခင် ၂ နာရီ အလိုလောက်မှာ ကတည်းက လျှပ်စစ်ပစ္စည်း တွေနဲ့ အထူးသဖြင့် ဖုန်းတွေကို ပါဝါ ပိတ်ထားသင့်ပါတယ်။

ဒုတိယ အချက်အနေနဲ့ ဆဲလ်ဖုန်းတွေက လျှပ်စစ်သံလိုက် လှိုင်းတွေကို ထုတ်ပေးပါတယ်။ ဒီသံလိုက်လှိုင်းတွေက ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ထွက်ရှိစေပါတယ်။ ဒါကြောင့် ဖုန်းကို အတတ်နိုင်ဆုံး ခေါင်းနဲ့ အဝေးဆုံးမှာ ထားသင့်ပါတယ်။ ဥပမာ ဖုန်းပြောမယ့်အစား စာရိုက်ပို့တာ ၊ နားကျပ်တပ်ပြီး ဖုန်းပြောတာမျိုးတွေက ဖုန်းနဲ့ ဦးခေါင်းကို အတတ်နိုင်ဆုံး ဝေးစေတာ ဖြစ်ပါတယ်။

သင်အိပ်ခါနီးမှာ  ဖုန်းတင်ဖို့ စင်တစ်ခုခု မရှိလို့ ခေါင်းအုံးအောက်ထား အိပ်လိုက်ရတာမျိုး မဖြစ်စေရအောင် ဖုန်းမြည်သံကို ချဲ့ထားပြီး ကြမ်းပေါ် ဖြစ်ဖြစ်  ချထားလိုက်တဲ့အခါ အပြာရောင်အလင်းတန်းရော သံလိုက်လှိုင်းတွေနဲ့ဝေးကွာပြီး စိတ်ချလက်ချ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေနိုင်မှာပဲ ဖြစ်ပါတယ်။

Ref:shefinds 

No comments

Powered by Blogger.