စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ မြို့များတွင် ငလျင်အန္တရာယ် ပညာပေးနေ
စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ ပဲခူး၊ တောင်ငူနှင့် စစ်ကိုင်းမြို့များ တွင် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများအကြောင်းဒေသခံများသိနိုင်ရန် ပညာပေးရေးလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ သတင်းရရှိသည်။
မြန်မာနိုင်ငံမြေငလျင်ကော် မတီနှင့်သဘာဝဘေးကြိုတင်ကာ ကွယ်ရေး၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းစဉ်များတွင် အကူအညီများပေးနေသည့် ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်သော UNHabi-tat တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဘူမိဗေဒပညာရှင်ဒေါက်တာကျော်ထွန်းက ပြောသည်။
မြန်မာနိုင်ငံမြေငလျင်ကော် မတီ နာယက ဒေါက်တာကျော် ထွန်းက ‘‘စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိနေတဲ့ မြို့တွေဖြစ်တဲ့အတွက် ငလျင်ဘေးအန္တရာယ်နဲ့ပတ်သက် တာတွေ ထိခိုက်နိုင်ခြေရှိတာတွေ အသိပေးတာပါ။ စစ်ကိုင်းပြတ်ရွေ့ဆိုတာကလည်း အရေးကြီး တော့လေ’’ဟု ပြောသည်။
ပဲခူးနှင့် တောင်ငူမြို့တွင် ပြီး ခဲ့သည့် ဇန်နဝါရီက ပြုလုပ်ခဲ့ပြီး စစ်ကိုင်းမြို့၌ ဖေဖော်ဝါရီအတွင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးနိုင်ခြေအပြင် ငလျင်သဘာဝဘေးနှင့် ဆက်စပ်မှုရှိသည့် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာစည်းမျဉ်းအကြောင်းကိုပါ တစ်ပြိုင်နက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ အထက်ပိုင်းမှ အောက်ပိုင်းအထိ မြို့ကြီးများကို ဖြတ်သန်းသွားသည့် စစ်ကိုင်းပြတ် ရွေ့ကြော အချိန်မရွေးလှုပ်ရှား နိုင်ခြေရှိကြောင်း ပညာရှင်များက သတိပေးထားပြီး ယင်းပြတ်ရွေ့ကိုလေ့လာမှုများ ပြုလုပ်နေသည်။
Ref;7daydaily
No comments