အနံ့ကိုသုံးပြီး အောင်သွယ်ပေးသည့် ဝန်ဆောင်မှု
အခုနောက်ဆုံးပေါ် အောင်သွယ်ဝန်ဆောင်မှု လုပ်ငန်းက လူတစ်ယောက်စီမှာရှိတဲ့ ထူးခြားတဲ့ အနံ့ကိုအခြေခံပြီး ကြင်ဖော်ရှာပေးလျက်ရှိပါတယ်တဲ့။ ပထမဆုံးလုပ်ရမှာက လူတစ်ယောက်ရဲ့ ကိုယ်နံ့စစ်စစ်ကို ရရှိဖို့ တီရှပ်တစ်ထည်ကို သုံးရက်ဆက်တိုက် ဝတ်ထားရပါမယ်။ ချိုင်းလိမ်းဆီလို အမွေးနံ့သာ တစ်ခုခုလုံးဝ မသုံးထားရပါဘူး။ ပြီးရင် အဲ့ဒီအင်္ကျီ ကို အောင်သွယ်ကုမ္ပဏီကို ပို့ပေးရပါတယ်။ သူတို့ဘက်ကလည်း အင်္ကျီတစ်ထည်ပြန်ပို့ပေးပြီး ကိုယ့်ကို ဆွဲဆောင်နိုင်တဲ့ အနံ့ဟုတ်မဟုတ် ရှူကြည့်ပြီး အကြောင်းပြန်ရပါတယ်။
တစ်ဖက်လူကလည်း ကိုယ့်အနံ့ကို သဘောကျတယ်လို့ အကြောင်းပြန်ရင် ကုမ္ပဏီက ဒီလူနှစ်ယောက်ကို တွဲပေးပါတယ်။ ဒီလို ၀န်ဆောင်မှုပေးတာက ထူးဆန်းပြီးအူကြောင်ကြောင်နိုင်သလိုဖြစ်နေပေမဲ့ သိပ္ပံနည်းကျပြုလုပ်ထားတဲ့ သုတေသနတစ်ခုကို အခြေခံထားတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေက အမျိုးသားတွေရဲ့ ကိုယ်နံ့တစ်ချို့အပေါ် စိတ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုတွေ ပြုတတ်သလိုချွေးထဲမှာ ဆန့်ကျင်ဘက်လိင်အပေါ် လက်ခံလိုတဲ့ အမှတ်အသားပြပေးနိုင်တဲ့ phremones လို့ခေါ်တဲ့ အရာတစ်ခုပါရှိတယ်လို့ ဆိုပါတယ်။ လူတစ်ဦးစီရဲ့ အရေပြားပေါ်က ဘက်တီးရီးယား၊အစားအသောက် အမျိုးအစားနဲ့ မျိုးရိုးဗီဇတွေက လူတစ်ဦးစီရဲ့ အနံ့မတူညီအောင် ဖန်တီးပေးပါတယ်။
ဒါကြောင့် အနံ့ကိုသုံးပြီးကိုယ်နဲ့ လိုက်ဖက်မယ့်သူ ရှာဖွေတာက လူတစ်ဦးကိုပိုပြီးနားလည်စေနိုင်သလို ပိုပြီးလည်း သဘာဝကျတဲ့ နည်းဖြစ်တယ်လို့ ဆိုထားပါတယ်။ နောက်ပြီးဦးနှောက်ကို အာရုံပြောင်းသွားစေမယ့် ပုံတွေ၊ဘယ်သူ ဘယ်ဝါစတာတွေ မသိဘဲ ဆုံးဖြတ်ရတာဖြစ်တဲ့အတွက် ပိုပြီးဘက်လိုက်မှု ကင်းတဲ့ ဆုံးဖြတ်ချက်မျိုး ရနိုင်ပါတယ်လို့ အနံ့ခံအောင်သွယ် ကုမ္ပဏီရဲ့ ပိုင်ရှင် Tegan Brain က အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပါတယ်။
Ref:sheknows
No comments