ကိုယ့်ဇနီးက ကိုယ့်ထက် ၀င်ငွေကောင်းလို့ စိတ်အနှောက်အယှက် ဖြစ်နေပါသလား
ကိုယ့်မိန်းမက ကိုယ့်ထက် ငွေပိုရှာနိုင်တာကို မြင်ရတဲ့အခါမှာ ယောက်ျားတစ်ယောက်ရဲ့မာနကို ထိခိုက်သလို ခံစားလိုက်ရပါတယ်။ အခုခေတ်မှာ အိမ်ထောင်ဦးစီး တစ်ယောက်တည်းကပဲ အလုပ်လုပ်ပြီး အိမ်စရိတ်ရှာရုံနဲ့ မလုံလောက်တော့ပါဘူး ။ မိန်းမတွေကပါ ယောက်ျားတွေနဲ့အတူ ရင်ဘောင်တန်းပြီး အိမ်ထောင့်တာဝန်အတွက် စီးပွားထွက်ရှာကြတဲ့အချိန်ကို ရောက်လာပါပြီ။ ဒါပေမဲ့ ဒီလိုရှာတဲ့အခါမှာ မောင်တစ်ထမ်း မယ်တစ်ရွက် မဟုတ်တော့ဘဲ မယ်တစ်ထမ်း မောင်တစ်ရွက်လို ၀င်ငွေ ကွာခြားသွားခဲ့ရင် စိတ်ထဲမှာ အနည်းနဲ့ အများတော့ စနိုးစနောင့်ဖြစ်တတ်တဲ့ အမျိုးသားတွေရှိကြမှာပါ ။ ဒီလိုအမျိုးသားတွေနဲ့ သူတို့ရဲ့ အမျိုးသမီးတွေ အတွက် ပြောပြပေးချင်ပါတယ်။
ကိုယ့်ဇနီးကို ပြိုင်ဘက်လို သဘောမထားဘဲ ကိုယ်နဲ့ ဘက်တစ်ဘက်တည်း ကစားနေတဲ့ ကစားဖော်တစ်ယောက်လို မြင်ကြည့်ပါ
အနည်းအများ အနိုင်အရှုံးကို ကြည့်ရမှာက ကိုယ့်ပြိုင်ဘက်ကိုပါ။ တစ်ဖွဲ့တည်းမှာ ကစားနေတဲ့သူတွေကတော့ သူတော်နေရင် ကိုယ့်အတွက်ရော ကိုယ့်အသင်းအတွက်ရော အကျိုးပြုနိုင်ပါတယ်။ ဒီလိုပါပဲ။ ကိုယ့်ဇနီးကြောင့် ကိုယ်နဲ့ ကိုယ့်သားသမီးတွေအတွက် ကောင်းကျိုးရတယ်လို့ ယူဆရမှာပါ။
ဝင်ငွေကို အဓိကအာရုံ မထားဘဲ ကိုယ့်ဇနီးနဲ့ ဆက်ဆံရေးကိုသာ တန်ဖိုးထားပါ
လူနှစ်ယောက် ပတ်သက်မှုမှာ ငွေမရှိလို့မဖြစ်ဘူးဆိုပေမဲ့ ဒါက အစိတ်အပိုင်းတစ်ခုစာပါပဲ။ အရာအားလုံးကို မဖြည့်ဆည်းနိုင်ပါဘူး။ငွေနဲ့ ပျော်ရွှင်မှုကို ဖန်တီးယူလို့မရပါဘူး။ရခဲ့ရင်လည်း ခဏတာ စိတ်အလိုလိုက် ပျော်ပါးမှုမျိုးပဲ ရနိုင်ပါတယ် ။စစ်မှန်တဲ့ မေတ္တာနဲ့သာ ရေရှည်ခံတဲ့ ကြင်နာနွေးထွေးမှုနဲ့ အေးမြတဲ့ ပျော်ရွှင်မှုရနိုင်တယ်ဆိုတာကို ယုံကြည်ထားလိုက်ပါ။
မိန်းမတစ်ယောက်အတွက် ထာဝရ ယောက်ျားကောင်းတစ်ယောက် အဖြစ်နေပေးလိုက်ပါ
ကိုယ့်ဇနီးက ကိုယ့်ထက် ၀င်ငွေပိုများတာနဲ့ ကိုယ့်ရဲ့ အပြုအမူတွေကို ပြောင်းလဲဖို့မလိုပါဘူး။သူမ အသည်းနှလုံးကို ကိုင်လှုပ်နိုင်တဲ့ အပြုအမူလေးတွေုလုပ်မြဲအတိုင်းလုပ်ပေးပါ။ သူမအနေနဲ့ ငွေဘယ်လောက်ပဲ သူ့ထက်ပိုရှာနိုင်ပါစေ ။သူမဘ၀ကို လုံခြုံမှုပေးနိုင်တာ ကိုယ်ပါပဲလို့ ယုံကြည်မှုရှိအောင် သဘောထားကြီးတဲ့ အစွမ်းအစရှိတဲ့သူဖြစ်ကြောင်း ပြောစရာမလိုအောင် ယောက်ျားကောင်းတစ်ယောက် ဖြစ်ပေးလိုက်ပါ။
အမျိုးသမီးများ အနေနဲ့လည်း-
ကိုယ့်အပြုအမူက ယောက်ျားတစ်ယောက်ရဲ့ မာနကို မထိခိုက်စေအောင်နေပါ။
မာနကို ဖယ်ထားပါ။
ယောက်ျားကို ပိုပြီးပံ့ပိုးပေးနိုင်မယ့် နည်းလမ်းများကို စဉ်းစားပါ။
သူ့ကို ချစ်ခင်အလေးထားဆဲ ဖြစ်တဲ့အကြောင်း သူသိအောင် ပြောပြပါ။
မိသားစုထက် အလုပ်ကို ဦးစားမပေးပါနဲ့။
ပြဿနာ ရပ်တိုင်းမှာ အဖြေဆိုတာရှိပါတယ် ။ဒါပေမဲ့ ပြဿနာကို ရှင်းဖို့ဆိုရင် အဲ့ဒီ အဖြေကိုသိမှဖြစ်မှာပါ။
Ref:timesofindia.indiatimes
No comments