အင်တာနက်အသုံးပြုသူ၏ ၈၀ရာခိုင်နှုန်းကျော် လူမှုကွန်ရက်သာ သုံးစွဲနေ


 ပြည်တွင်းရှိ အင်တာ နက်အသုံးပြုသူများ၏ ၈၀ရာခိုင် နှုန်းသည် လူမှုကွန်ရက်များသာသီးသန့်သုံးနေပြီး ၂၂ရာခိုင်နှုန်းသာ ပညာရေးနှင့် စီးပွားရေးကဏ္ဍများအတွက် အင်တာနက်ကို  အသုံးပြုနေကြောင်း တယ်လီနောမြန်မာ၏ ဈေးကွက်ရှာဖွေရေးအရာရှိချုပ် Joslin E.Myrthong က ပြောသည်။

‘‘မြန်မာနိုင်ငံမှာ အင်တာ နက်အသုံးပြုသူ ၈၈ရာခိုင်နှုန်းက လူမှုကွန်ရက်ကိုပဲသီးသန့်အသုံး ပြုနေပြီး ၂၂ရာခိုင်နှုန်းကသာ ပ ညာရေးနဲ့ စီးပွားရေးအတွက် အ သုံးပြုတာကို တွေ့ရပါတယ်’’ဟု ဇန်န၀ါရီလ တတိယပတ်အတွင်း ကပြုလုပ်သည့်(၂၃)ကြိမ်မြောက် Net Mondayတွင် ဈေးကွက်ရှာ ဖွေရေးအရာရှိချုပ် Joslin E.My-rthongကပြောကြားခဲ့ခြင်း ဖြစ် သည်။

  အင်တာနက် အသုံးပြုမှု ကျယ်ပြန့်လာစေရန်အတွက် လူမှု ကွန်ရက်များသည်အရေးကြီး သည့်အခန်းကဏ္ဍတွင် ပါဝင်နေ သော်လည်း အင်တာနက်နှင့် ဒစ် ဂျစ်တယ်နည်းပညာများကို အကျိုးရှိရှိအသုံးပြုပြီး ပညာရေးက ဏ္ဍကို မြှင့်တင်နိုင်ရန် လိုအပ် ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။

‘‘မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ပတ်သက်တဲ့ နည်းလမ်းသစ်တွေ ပိုမိုတိုးပွားလာဖို့အားပေးနေပါ တယ်။ နည်းပညာက ပညာရေးကို သေချာထိရောက်စေမယ်ဆိုတာ ယုံကြည်တဲ့အတွက် ဆက်သွယ် ရေးကွန်ရက်တွေကို ဆက်ပြီးတိုး ချဲ့သွားမှာဖြစ်သလို ကုမ္ပဏီရဲ့ တာဝန်သိလုပ်ငန်းတွေက တစ် ဆင့်လည်း လိုအပ်တာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု Joslin E.Myrthongကပြော ကြားသည်။

  (၂၃)ကြိမ်မြောက် Net Monday ပွဲကို သန်လျင်နည်းပ ညာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အင်တာနက်ကို အသုံးပြု ၍ ပညာရေးမြှင့်တင်နိုင်ရန်မြန်မာလူငယ်များကို အားပေးအားမြှောက်ပြုလုပ်နိုင်မည့်ကဏ္ဍများအကြောင်းကို ပရိုဂရမ်မာများ၊ Webဒီဇိုင်နာများ၊ Blogger များ၊ Developerများ၊ နည်းပညာ ကျွမ်းကျင်သူများနှင့် ပြည်တွင်း၊ ပြည်ပရှိ နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများပါဝင်ဆွေးနွေးခဲ့ကြသည်။
Ref;7daynews

No comments

Powered by Blogger.