အီရတ်နှင့် ဆီးရီးယား လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ထိခိုက်ဟု အမေရိကန် ၀န်ခံ


ဇူလိုင်လ အီရတ်နဲ့ ဆီးရီးယားမှာ လုပ်ဆောင်ခဲ့တဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေမျာ အရပ်သားတွေကို ထိခိုက်မှုရှိတယ်လို့ အမေရိကန်ပြည်ထောင်စုက ၀န်ခံ ပြောကြား လိုက်ပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော် ထိန်းချုပ်ထားတဲ့ ဆီးရီးယား ရာကွာနဲ့ အီရတ် မူဆိုတို့မှာ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် လုပ်ဆောင်ခဲ့ရာမှာ အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီကနေ ဇူလိုင်အတွင်း အရပ်သား ၈ ဦးသေဆုံးခဲ့တယ်လို့ အီရတ်နဲ့ ဆီးရီးယား စစ်ဆင်ရေးကို ညွန်ကြားနေတဲ့ အရာရှိက အရင် သီတင်းပတ်က ပြောပါတယ်။

ဒါအပြင် မဟာမိတ်တွေက အီရတ်မှာ လေကြောင်း တိုက်ခိုက်မှု ၆၅၁၆ နဲ့ ဆီးရီးယားက ၃၂၆၆ ကြိမ် လုပ်ဆောင်ခဲ့ပါတယ်။
ဒီဗွီဘီ

No comments

Powered by Blogger.