မန္တလေးတိုင်းတွင် မူလတန်းပြဆရာနှစ်ထောင်ကျော် လစ်လပ်နေသော်လည်း ဘဏ္ဍာငွေအခက်အခဲကြောင့် ခန့်အပ်နိုင်ခြင်းမရှိသေးဟုဆို


မန္တလေးတိုင်းအပါအ၀င် ဒေသအတော်များများတွင် ဆရာ၊ဆရာမလိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်သည်-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
မန္တလေးတိုင်းဒေသကြီး အတွင်း မူလတန်းပြဆရာလစ် လပ်ဦးရေ ၂၄၀၀ကျော်ရှိနေသော်လည်း ဘဏ္ဍာငွေအခက်အခဲကြောင့် ခန့်အပ်နိုင်ခြင်းမရှိသေး ကြောင်း တိုင်းဒေသကြီးအစိုးရအ ဖွဲ့မှ သတင်းရရှိသည်။

ကျောင်းများအဆင့်တိုးမြှင့် သွားခြင်း၊ ဆရာ၊ ဆရာမများရာ ထူးတိုးသွားခြင်းနှင့် ဆရာ၊ဆရာမ များအခြားနေရာများသို့ ပြောင်း ရွှေ့သွားခြင်းများကြောင့် မန္တလေး တိုင်းဒေသကြီးအတွင်း မူလတန်း ပြဆရာလစ်လပ်ဦးရေ ၂,၄၄၀ဦး အထိရှိနေသည်ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ၀န်ကြီးဒေါက်တာဝင်းလှိုင်က ပြောသည်။ အစားထိုးအနေဖြင့် နေ့စားလပေးဆရာ၊ဆရာမများ ခန့်အပ်ရန် လူတွေ့စစ်ဆေးခြင်း များပြုလုပ်ပြီးသော်လည်း ဘဏ္ဍာ ငွေအခက်အခဲကြောင့် ခန့်အပ် နိုင်ခြင်းမရှိပေ။

မန္တလေးတိုင်းဒေသကြီးအ တွင်း မူလတန်းပြဆရာ၊ ဆရာမ လစ်လပ်နေရာများအတွက် နေ့စားလပေးမူလတန်းပြဆရာ၊ ဆရာမများအစားထိုးဖြည့်ဆည်းနိုင်ရန် ၂၀၁၅ သြဂုတ်လအတွင်းက လျှောက်လွှာခေါ်ယူခဲ့ရာ မဟာဘွဲ့ရ ရှစ်ရာကျော်နှင့် ရိုးရိုးဘွဲ့ရ၁၁,၀၀၀ကျော် လျှောက်လွှာတင်ခဲ့ကြောင်း၊ ယင်းလျှောက်ထားသူများအား ရေးဖြေ၊ နှုတ်ဖြေနှင့် လူတွေ့စစ်ဆေး ခြင်းများပြုလုပ်ခဲ့ပြီး မဟာဘွဲ့ရ ရှစ်ရာကျော်နှင့် ရိုးရိုးဘွဲ့ရ ၁,၅၀၀ ကျော်အား နေ့စားလပေးမူလတန်း ပြဆရာ၊ ဆရာမအဖြစ်ခန့်အပ်ရန် ရွေးချယ်ထားခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ သတင်းရရှိသည်။

လက်ရှိအချိန်တွင် ၎င်းလစ် လပ်ဆရာ၊ ဆရာမများနေရာအ တွက် မြို့နယ်အစီအစဉ်ဖြင့် ယာ ယီဖြည့်တင်းထားသည်ဟု ၎င်းက ဆိုသည်။

နေ့စားလပေးမူလတန်းပြဆ ရာမအဖြစ်    ခန့်အပ်နိုင်ရန် လျှောက်လွှာတင်ကာ စာပေးပွဲ ဖြေဆိုခဲ့သော်လည်းရွေးချယ်ခံရ ခြင်းမရှိဘဲ စာတွေ့နှင့်လူတွေ့ ဖြေဆိုအောင်မြင်ခဲ့သည့် ၎င်း၏ မိတ်ဆွေအချို့မှာလည်း လျှောက် ထားပြီး ခြောက်လခန့်ကြာချိန်အ ထိ ဆရာ၊ ဆရာမများအဖြစ် ခန့် အပ်ခံရခြင်းမရှိသေးကြောင်း မန္တ လေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၁)ရပ်ကွက်တွင်နေထိုင် သည့် နေ့စားလပေးမူလတန်းပြဆ ရာမအဖြစ်   လျှောက်ထားခဲ့သူ ဘွဲ့ရ အမျိုးသမီးတစ်ဦးကပြော ကြားသည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် နေ့စားလပေးမူလတန်းပြဆရာ၊ ဆရာမ ၁,၉၈၅ဦး၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၂,၄၁၂ဦး ခန့်အပ် ခဲ့ကြောင်း သတင်းရရှိသည်။
7daynews

No comments

Powered by Blogger.