ပုပ်သိုးလွယ်တဲ့ သစ်သီးတွေကို အချည်းနီးမဖြစ်အောင် ဒီလိုနည်းလမ်းတွေ ပြုလုပ်ထားနိုင်
ဘယ်ရီသီး ပြည့်ပြည်ဖြိုးဖြိုးများ၊ အရည်ရွှမ်းတဲ့ ဖရဲသီး၊ အနံ့စူးစူး နာနတ်သီးနဲ့ ကြွပ်ဆတ်တဲ့ ပန်းသီးတွေကို ဝယ်ကောင်းကောင်းနဲ့ ပုံအောပြီး ဝယ်ထားတတ်ကြပါတယ်။ ပြသနာက ဒီသစ်သီးတွေအများစုဟာ ကြာကြာ အထားမခံတဲ့ သစ်သီးများဖြစ်ပြီး စားသုံးနိုင်တဲ့ အချိန်ကာလတစ်ခု ကျော်လွန်ဖို့ အင်မတန် လျင်မြန်လွယ်ကူပါတယ်။ ဒီတော့ အမှည့်လွန်၊ ပုပ်သိုးသွားတဲ့ သစ်သီးများ မကြာခဏ လွှင့်ပစ်ရတာ နှမျှောတသဖြစ်နေမိတယ်ဆိုရင် ဒီနည်းလမ်းလေး သုံးကြည့်စေချင်ပါတယ်။
သစ်သီးတွေက အချည်းနှီး မဖြစ်ရလေအောင် ပြုလုပ်ထားနိုင်မယ့် နည်းလမ်းမှာတော့
အဆင့် - ၁
သစ်သီးတွေကို ဇလုံ၊ ရေခဲသေတ္တာထဲ ချောင်ထိုးပြီး သိုဝှက် မထားပါနဲ့။ အဲဒီလိုလုပ်မယ့်အစား ကြိုတင်ပြင်ဆင်ထားလိုက်ပါ။
အဆင့် - ၂
အမှည့်လွန်တွေကို လေလုံတဲ့ ထည့်စရာဗူးတွေထဲ ထည့်ပါ။ ဆိုလိုတာက ဘယ်ရီသီးတွေကို ဆေးကြောသန့်စင်ပြီး လုံးဝခြောက်အောင်လုပ်ခြင်း။ ရှောက် (သံပုရာမျိုးဝင်အသီးများ)ဆို အခွံနွာ အပိုင်းပိုင်းဖြစ်အောင်လှီးခြင်း။ နောက်ပြီး တခြားအသီးတွေဆိုရင် အခွံခွာပြီး အတုံးလေးတွေ တုံးပေးရမှာဖြစ်ပါတယ်။
အဆင့် - ၃
ရေခဲသေတ္တာထဲထည့်ပါ။ ဒါဟာ မိမိ ကိုယ်ပိုင် သစ်သီးသုတ်တစ်မျိုး ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
Ref: popsugar
No comments