လက်တွဲဖော် ရှိနေခြင်းက ဘဝမှာ အောင်မြင်မှု ပိုရစေ
မိမိရည်ရွယ်ချက် ပန်းတိုင်ထိ မရောက်မချင်း ချစ်သူစုံတွဲဘဝ၊ အချစ်ရေးကိစ္စ ခဏဘေးဖယ်ထားဖို့ ဆုံးဖြတ်ခဲ့ကြသူတွေ ဒီအချက်တွေ မသိခဲ့လို့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
လေ့လာ စမ်းသပ်မှုတစ်ခုမှာ သုတေသနပညာရှင်များက စုံတွဲနှစ်ယောက်ထဲက တစ်ယောက်ကို လက်တွဲဖော်ရဲ့ မှီခိုအားကူးမှုကို ဘယ်လောက်အတိုင်းအတာထိ ရှိလဲ မေးမြန်းခဲ့ပါတယ်။ နောက်တစ်ယောက်ကိုတော့ သီးသန့်အခန်းတစ်ခုမှာ ထားပြီး ဥာဏ်စမ်းမေးခွန်းတချို့ ဖြေဆိုခိုင်းပါတယ်။
ယင်း စုံတွဲနှစ်ယောက်များကို စာတိုပို့ စကားပြောဆိုဆွေးနွေးနိုင်အောင် ကွန်ပျူတာတွေလည်း စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် တကယ်တော့ မဟုတ်ဘူး။ ပရိယာယ်တစ်ခုသက်သက်ပဲ ဖြစ်တယ်။ ဥာဏ်စမ်းမေးခွန်းဖြေဆိုသူတွေက သူတို့နဲ့ စကားပြောသူဟာ သူတို့ချစ်သူတွေပဲလို့ ယူကြပါတယ်။ ဒါပေမယ့် ဥာဏ်စမ်းမေးခွန်းအတွက် သည်းလွန်စတွေ၊ အကြံဥာဏ်နဲ့ ရံဖန်ရံခါအဖြေတွေ ပေးနေတဲ့ သုတေသီတွေ ဖြစ်ပါတယ်။ ချစ်သူစုံတွဲဘဝမှာ အမှီအားကိုးမှု ပိုရှိသူတွေ ဒီလိုအကူအညီပေးခြင်းကို ငြင်းဆိုဖွယ်မရှိလို့ ယူဆနိုင်ပေမယ့် လက်တွေ့မှာ ဥာဏ်စမ်းမေးခွန်းတွေကို သူတို့ကိုယ်တိုင် အများစု ဖြေဆို ပြီးစီးနေကြပါတယ်။
နောက်လေ့လာမှုတစ်ခုက လက်တွဲဖော်ကို မှီခိုအားကိုးခြင်းက ၆ လ ကြာပြီးတဲ့နောက် ပိုမိုကြီးမားတဲ့ အောင်မြင်မှု ရစေပါတယ်။ မိမိလက်တွဲဖော်ကို မှီခိုအားကူးခြင်းက မိမိဘာသာ ဖူလုံမှု၊ ကိုယ်တိုင် ကိုယ်ကျ တာဝန်ယူလုပ်ဆောင်မှု ပိုရှိခြင်း နဲ့ဆက်စပ်နေပါတယ်။
တစ်နည်းအားဖြင့် ကိုယ့်နောက်မှာ စောင့်ကြည့် ထောက်ခံအားပေးနေသူ တစ်ယောက်ရှိတယ်ဆိုတာ သိနေခြင်းက ကိုယ့်အတွက် ခွန်အားနဲ့ မိမိကိုယ်ကို ယုံကြည်မှု ရရှိစေပါတယ်။
Ref: yourtango
No comments