ရုပ်သိမ်းခဲ့သည့်အတွက် အီရန် ထိပ်တန်းခေါင်းဆောင် ကြိုဆို


အီရန်နိုင်ငံအပေါ် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့က ရုပ်သိမ်းပေးခဲ့တဲ့အတွက် အီရန်ဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့ပြီဆိုပြီး အီရန်ထိပ်တန်းခေါင်းဆောင်ကြီး ဟာဆန်ရူဟာနီက ထောက်ခံကြိုဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အီရန် နျူကလီးယား သဘောတူညီချက်ကို အီရန်နိုင်ငံက လိုက်နာတဲ့အတွက် စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ အိုင်အေအီးအေက ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ ထောက်ခံပေးခဲ့တာပါ။

အခုလို စီးပွားရေးပိတ်ဆို့ကန့်သတ်မှု ပြန်ရုပ်သိမ်းပေးလိုက်တာကို အနောက်နိုင်ငံ အများစုက ကြိုဆိုခဲ့ကြပေမယ့် အစ္စရေးနိုင်ငံကတော့ အီရန်ဟာ နျူကလီးယားဗုံး ထုတ်လုပ်ဖို့ ကြိုးစားနေဆဲပဲလို့ ပြစ်တင်ပြောဆိုပါတယ်။

အီရန်နိုင်ငံကို အထိန်းအချုပ်မရှိ လွှတ်ထားတာနဲ့ နျူကလီးယားဗုံး ထုတ်လုပ်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ဖျက်ဆီးမယ်၊ ဒေသတွင်း အကြမ်းဖက်မှုတွေကို ဖြန့်လိမ့်မယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။

အမေရိကန် အတိုက်အခံ ရီပတ်ဘလီကန်ပါတီ လွှတ်တော်ပြောခွင့်ရ ပေါရိုင်ယန်ကလည်း အခုလို အီရန်နိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပေးလိုက်တဲ့အတွက် အမေရိကန်အစိုးရကို ပြစ်တင်ပြောဆိုပါတယ်။

ဇန်န၀ါရီ ၁၇ ရက်နေ့က အီရန်နိုင်ငံက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအတွက် အီရန်ကုမ္ပဏီတချို့နဲ့ ပုဂ္ဂိုလ်တချို့ကို အမေရိကန်ဘဏ်စနစ်ကို သုံးစွဲခွင့် ပြန်ပြီး ပိတ်ဆို့ခဲ့ပါတယ်။
ဒီဗွီဘီ

No comments

Powered by Blogger.