ချစ်သူစုံတွဲတွေ သံယောဇဉ်ကြိုး ပိုမိုခိုင်မာလာစေဖို့ ဒီအချက် (၅)ချက်အတိုင်း လုပ်ဆောင်ရန်သာလို
တကယ်တော့ သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်၊ ရေရှည် လက်တွဲချင်ကြတယ်ဆိုရင် နှစ်ဦးကြားက သံယောဇဉ်တွေ ပိုမိုခိုင်မာလာအောင် လုပ်ဆောင်သွားရမယ့် အရာက (၅) ချက်ထဲပါ။ ဒီအရာတွေအတွက် အထူးတလည် အားထုတ်ကြိုးပမ်းစရာလည်း မလိုတဲ့အတွက် နှစ်ဦးစလုံး လုပ်ဆောင်သွားသင့်တဲ့ အရာလေးတွေမို့ ဖတ်ကြည့်လိုက်ပါဦး။
၁။ ရိုးသားပါစေ။
တစ်ယောက်အပေါ် တစ်ယောက် ရိုးရိုးသားသား ဆက်ဆံပါ။ ခုလိုပြောလိုက်လို့ သင်တစ်နေ့ဖြစ်တဲ့အရာ အသေးစိတ်ကို ပြန်ပြောခိုင်းတာ မဟုတ်ပေမယ့် သင်တစ်နေ့တာ ဘယ်လိုခံစားရတာ၊ အလုပ်မှာကတော့ ဘယ်လိုလေး အဆင်ပြေပြေဖြစ်ခဲ့တယ် ဆိုတာမျိုး ခြုံငုံပြီး ချစ်သူကို ပြောပြပါ။ ဒါ့အပြင့် သင့်ခံစားချက်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ ကိုယ့်ချစ်သူကို မလိမ်ညာပါနဲ့။ ဒါ့အပြင် တစ်ခုခုကို စွပ်စွဲတာမျိုးတွေ မလုပ်ပဲ သင့်ခံစားချက်ကိုသာ ပွင့်လင်းစွာ ပြောပြတတ်ဖို့လည်း လိုပါတယ်။ သင့်ချစ်သူကသာ သင့်အပေါ် တကယ်ချစ်မြတ်နိုးသူဆိုရင် သင်တစ်ခုခု ညာထားတာနဲ့ မသိစိတ်က သူခံစားမိနေပါလိမ့်မယ်။
၂။သူ့ကို ထိတွေ့တာတွေ လုပ်ပေးပါ။
ချစ်သူနဲ့ အတူနေ၊ ချစ်တင်းနှောတာကိုပဲ အာရုံမထားပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် ဆက်နွယ်မှုကိုသာ အာရုံထားကြည့်ပါ။ ဒီတော့ သင်နဲ့သင့်ချစ်သူ တစ်နေ့ကို ဘယ်နှစ်ခါ၊ ဒါမှမဟုတ် ဘယ်လောက်များများ တစ်ဦးနဲ့ တစ်ဦး ထိတွေ့ဖြစ်ကြပါသလဲ။ အထိအတွေ့ဆိုတာက နဖူးလေးကို နမ်းတာ၊ ပါးလေးကိုနမ်းတာ၊ လက်ကလေးကို မလွှတ်တမ်းကိုင်ထားတာ၊ ပခုံးလေးကို ဖက်ထားတာ၊ ခါးလေးကိုလှမ်းဆွဲလိုက်တာမျိုး၊ ကျောလေးကို သပ်ပေးတာမျိုးတွေကို ပြောခြင်း ဖြစ်ပါတယ်။ ဒီလိုတွေးကြည့်လိုက်လို့ သင်တို့နှစ်ဦးဟာ ဒီလိုလေးတွေ မရှိဘူးဆိုရင် ဒါမဖြစ်သင့်ဘူးဆိုတာ ပြန်တွေးတတ်ဖို့ လိုပါတယ်။ နှစ်ဦးသာ ခုနပြောသလို အထိအတွေ့ လေးတွေ မကြာခဏပေးနိုင်အောင် ကြိုးစားပါ။
၃။မျက်လုံးချင်းဆုံအောင် ကြည့်ပါ။
ချစ်သူတွေဟာ တစ်ယောက်မျက်လုံးတစ်ယောက် သေချာကြည့်ပြီးတော့ စကားပြောဆိုသင့်ပါတယ်။ ခုလိုပြောတာ ရယ်စရာကောင်းချင် ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်မျက်လုံးကို တစ်ယောက်က စိုက်ကြည့်ပြောဆိုတာဟာ သူ့ပြောတာကို သေချာအာရုံစိုက်နားထောင်တယ်ဆိုတဲ့ သဘောမျိုးသာမက သူ့အပေါ်အလေးထားတယ်ဆိုတာလည်း ပြသရာ ရောက်ပါတယ်။ ဒါ့အပြင် ကိုယ့်ချစ်သူရဲ့ အကြည့်ကနေ ကြင်နာမှုကို ခံစားပါ။ သူ့ကိုလည်း အဲ့ဒီကြင်နာမှုကို ပြန်ပေးလိုက်ပါ။
၎။ တက်တက်ကြွကြွနေပါ။
နှစ်ဦးသား လေ့ကျင့်ခန်းတူတူလုပ်တာ၊ ဒါမှမဟုတ် တစ်ခုခုဆို တက်တက်ကြွကြွလုပ်ဆောင်ကြခြင်းဟာ နှစ်ဦးသားသံယောဇဉ်ကြိုးကို ပိုခိုင်မြဲစေတဲ့ အဓိက အချက်ပါပဲ။
၅။ချစ်သူကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတတ်တဲ့သူ ဖြစ်ပါစေ။
သင်ဟာ သင့်ချစ်သူကို အမြဲဦးစားပေးဆက်ဆံတတ်တဲ့သူ တစ်ယောက်ဆိုရင်တော့ အထူးပြောစရာမလိုပေမယ့် အဲ့ဒီလို မဟုတ်ဘူးဆိုရင်တော့ သင့်ချစ်သူကို တစ်ခါတစ်လေ နံပါတ် (၁)နေရာမှာထားပြီး ဆက်ဆံပေးဖို့ လိုပါ တယ်။ ဒီလိုသာဆိုရင် သူ့စိတ်ခံစားချက်တွေ ပိုမိုလန်းဆန်းလာမှာ ဖြစ်သလို ငါ့ကိုချစ်သားပဲ ဆိုတဲ့ အတွေးလေး ၀င်လာပါလိမ့်မယ်။ သင့်အတွက်ကိုသာ အမြဲဦးစားပေးပြီး သင့်ချစ်သူကို အမြဲနောက်ချိတ်ထားမယ်၊ ဘယ်တော့မှ သူလိုအပ်တာ မဖြည့်ဆည်းပေးတတ်ဘူးဆိုရင်တော့ တစ်ချိန်မှ သူဟာ သံသယတွေ ၀င်လာမှာ အသေအချာပါပဲ။
Ref:yourtango
No comments