ဆယ်ကျော်သက်တစ်ယောက်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုနဲ့ တရားစွဲခံထားရတဲ့ Nicki Minaj ရဲ့ အစ်ကိုဖြစ်သူကို ပထမဆုံးအကြိမ် ရုံးထုတ်
မုဒိန်းမှုနဲ့ တရားစွဲခံထားရတဲ့ အဆိုတော် Nicki Minaj ရဲ့ အစ်ကိုဖြစ်သူဟာ ဗုဒ္ဓဟူးနေ့ က တရားရုံးကို ပမာဏ အမှုကြားနာဖို့ အတွက် ရောက်ရှိလာခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် Jelani Maraj ဟာ အသက် ၁၂ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးကို အကြိမ်ကြိမ် မုဒိန်းကျင့်ခဲ့မှုနဲ့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။
New York က Nassau County တရားရုံးကို Nicki Minaj တစ်ယောက် ရောက်မလာခဲ့ဘဲ အမေဖြစ်သူနဲ့ ရှေ့ နေတို့ သာ Jelani Maraj နဲ့  အတူ ပါလာခဲ့တာကို တွေ့ ရှိခဲ့ရပါတယ်။ ဒါပေမယ့် Nicki Minaj ဟာ အစ်ကိုဖြစ်သူရဲ့ အာမခံငွေကို လွန်ခဲ့တဲ့အပတ်က ပေးဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ်အရွယ် ရပ်အဆိုတော် Nicki Minaj ဟာ Hempstead မြို့ မှာရှိတဲ့ သူမရဲ့အိမ်နှစ်လုံးကို အာမခံ ထားပြီး ဒေါ်လာ တစ်သိန်းတန်တဲ့ငွေချေးစာချုပ်နဲ့  အာမခံငွေကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ Jelani ဟာ ဒီဇင်ဘာ ၃ ရက်နေ့ က အဖမ်းခံခဲ့ရပြီးနောက် ကျန်းမာရေးဆိုင်ရာပြဿနာတွေကို အကြောင်းပြခဲ့တာကြောင့် ဆေးရုံ ကုတင်ကနေပဲ တရားရုံးကိုရောက်လာခဲ့တာဖြစ်ပါတယ်။
အဓမ္မပြုကျင့်ခံရသူဟာ အရွယ်မရောက်သေးတာကြောင့် နာမည်နဲ့ ကျား/မ လိင်ကို ရာဇ၀တ်မှုသဘောသဘာဝအရ ထုတ်ပြောခွင့်မရှိဘဲ Jelani ဟာ အရွယ်မရောက်သေးသူနဲ့ လိင်ပိုင်းဆိုင်ရာ ထိတွေ့ မှု ပထမအဆင့် ၊ ပထမအဆင့်မုဒိန်းမှု တို့ နဲ့ စွပ်စွဲခံထားရကာ စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၉ နှစ်ကနေ ၂၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
Ref: Dailymail
No comments