အရမ်းအလုပ်ရှုပ်နေသလို ခံစားနေရခြင်းကို ရပ်တန့်နိုင်မယ့် နည်း (၄) သွယ်


လူတွေ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘ၀တွေမှာ အလုပ်တာဝန်တွေကတစ်ဖက်၊ ကိုယ်ဝါသနာပါရာကတစ်ဖက်နဲ့ ဒါကို ညီမျှအောင် လုပ်ဆောင်နိုင်ဖို့ မလွယ်ကူကြပါဘူး။ တစ်ခါတစ်လေ အလုပ်ဖိစီးမှုတွေကတစ်မျိုး၊ အခြား လူမှုရေးကိစ္စတွေ၊ မိသားစုရေးရာတွေ ပါဝင်လာတဲ့အခါ ကိုယ်ဝါသနာပါတဲ့အရာကို စွန့်လွှတ်ရင်း အသက်မွေးဝမ်းကျောင်းကိုသာ ပိုအလေးပေးလုပ်ဆောင်ကြရပါတော့တယ်။ အဲ့ဒီအချိန် တစ်ဖက်မှာတော့ ကိုယ်ဝါသနာပါရာကို ပုံမဖော်ရတာကြောင့် တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ဘ၀မကျ အပြစ်ရှိသလို ခံစားလာတတ်ကြပြီလေ။

ဒီတော့ဘ၀မှာ ရှုပ်လှပါချည်ရဲ့ဆိုတဲ့အလုပ်တွေရော၊ ကိုယ်လုပ်ချင်တဲ့ ၀ါသနာပါရာလေးတွေကိုပါ လုပ်ဆောင်နိုင်အောင် အချိန်ပိုထွက်လာဖို့အတွက် နည်း (၄)နည်းကို ပြောပြပေးချင်ပါတယ်။

၁။ကိုယ့်အိပ်မက်တွေကို အရေးတကြီး ဖော်ဆောင်နိုင်ပါစေ။

ဒီလိုပြောတော့ ကြားရတာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အနေနဲ့ သင့်အိပ်မက်တွေထဲကမှ သင်အဖြစ်ချင်ဆုံး ဆန္ဒအရှိဆုံးအိပ်မက်တွေကို စာရင်းပြုစုပြီး ချရေးလိုက်ပါ။ သင့်အိပ်မက်တွေက အကြီးကြီးတွေပဲဖြစ်ဖြစ်၊  သေးငယ်တဲ့အရာလေးတွေပဲဖြစ်ဖြစ် မကြာခင် ဖော်ဆောင်နိုင်ရမယ်ဆိုတဲ့ စိတ်လည်း သွင်းထားပါ။

၂။အချိန်ကို လုံလောက်စွာ ဘယ်လိုသုံးမလဲ စဉ်းစားပါ။

တစ်ပတ်တစ်ပတ် သင်အချိန်ကုန်ဖြစ်နေတဲ့ အရာတွေက ဘာတွေများလဲဆိုတာ သေချာစဉ်းစားပါ။ ဘယ်အရာက အချိန်ဘယ်လောက်ယူပြီး လုပ်ဆောင်ရသလဲဆိုတာ အသေးစိတ်ရေးချထားလိုက်ပါ။ အဲ့ဒီအထဲကမှ သင်အချိန်ဖြုန်းနေတယ်လို့ ယူဆမိတဲ့အရာတွေကို အချိန်လျှော့ပြီး အသုံးပြုကြည့်ပါ။ ချက်ချင်း ကောက်ကာငင်ကာ မလုပ်ပဲ မနေနိုင်တဲ့အရာတွေကို တစ်ဖြည်းဖြည်း အချိန်လျှော့ပေးသွားလိုက်ပါ။ တကယ့်အရေးကြီးတဲ့ အရာတွေကို အချိန်ပိုပေးလုပ်နိုင်ဖို့ တစ်နေ့တစ်နေ့ မလိုအပ်ပဲ ဖြုန်းမိနေတဲ့ လူမှုကွန်ယက်သုံးချိန်တွေ၊ instagram သုံးချိန်တွေ စတာမျိုးတွေကို လျှော့ချကြည့်လိုက်ပါ။

၃။ငါဘာတွေများ လုပ်နေတာလဲ ဆိုပြီး ကိုယ့်ကိုကိုယ် မေးကြည့်ပါ။

ခုချိန်မှာ သင်ဟာ သင့်ကိုယ်သင်ပြန်သုံးသပ်ဆုံးဖြတ်ရမယ့် သူတစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ ဒီတော့ သင့်လုပ်နေရတဲ့အရာတွေထဲက အလုပ်မှာ လုပ်ရတဲ့အရာတွေ ဥပမာ အစည်းအဝေးတက်တာ၊ အီးမေးလ်စစ်တာ၊ တစ်နေရာကနေ နောက်တစ်နေရာသွားဖို့ အချိန်ယူတာ စတာတွေကိုအသေးစိတ် စဉ်းစားကြည့်ပါ။ အိမ်ပြန်ရောက်တဲ့အခါမှာရော သင်ဘာတွေများလုပ်ဖြစ်သေးသလဲ ပြန်စဉ်းစားပါ။ အိမ်ပြန်ရောက်တဲ့အခါ ငါ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အချိန်ရှိသလား ဆိုတာ တစ်ချက်စဉ်းစားပါ။ ပင်ပန်းလွန်းလို့ ဘာမှမလုပ်ချင်တာမျိုးလား၊ တခြားဟာတွေကို လုပ်ဖြစ်နေပမယ့်၊ ညနေပိုင်း သူငယ်ချင်းတွေနဲ့အပြင်အများသွားဖြစ်နေပေမယ့်၊ night out ထွက်ဖြစ်နေပမေယ့် ကိုယ့်အိပ်မက်အတွက်ကျ အကောင်အထည်မဖော်ဖြစ်တာလား ဆိုတာ ကွဲပြားရှင်းလင်းစွာ သိပါစေ။

၎။ဘယ်အရာက အရေးကြီးသလဲဆိုတာ ဆုံးဖြတ်ပါ။

သင်အခုလုပ်နေတဲ့ အလုပ်အတွက် သင့်ရဲ့ ရည်မှန်းချက်၊ ပန်းတိုင်က ဘာများဖြစ်ပါသလဲ။ ဒီအချက်ကို သေချာစဉ်းစားဖို့ လိုလာပါပြီ။ တစ်ဆင့်ပြီး တစ်ဆင့် တက်လာပြီး နောက်ဆုံး ငါဟာ ဘာရာထူရရမယ်ဆိုတဲ့ စိတ်ကူးပန်းတိုင် ရှိပါသလား။ သင့်လုပ်နေတဲ့အလုပ်ကရော သင်အတွက် တကယ်ကို သင့်တော်ကောင်းမွန်တဲ့ အလုပ်ဖြစ်ပါရဲ့လား။ သင်လုပ်ကိုင်နိုင်စွမ်းရည်နဲ့ ထပ်တူကျသလို သင့်အတွက် တာဝန်တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်တဲ့ အလုပ်ဖြစ်နေမှသာ သင့်အတွက် အဆင်ပြေပါလိမ့်မယ်။ ဒီတော့ ဘာမဟုတ်တာလေးတွေလုပ်ရင်း တာဝန်ယူမှုအပိုင်းလည်း မရှိ၊ ကိုယ့်ကိုကိုယ်လည်း တိုးတက်လာတယ်လို့ မထင်ရဘူးဆိုရင်တော့ ဒီလိုအလုပ်မျိုး သင်စွန့်လွှတ်လိုက်တာ ပိုကောင်းပါတယ်။

Ref:cosmopolitan

No comments

Powered by Blogger.