အစားရှောင်သင့်တဲ့ အကြောင်းအရင်း (၃) ချက်

အစားရှောင်တာ နေ့စဉ်စားသုံးတဲ့ အစားအစာထဲကနေ အဆီများတဲ့ အသားအဓိက အစားအသောက်များအားလုံး ထုတ်ပစ်တဲ့ သဘောဖြစ်ပြီး အပင်မှ အဓိကရတဲ့ အစားအသောက်များသာ စားသုံးရပါတယ်။အာဟာရဗေဒပညာရှင်များက အစာရှောင်ခြင်းက ကျွန်ုပ်တို့ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲဆိုတာ ရှင်းပြထားပါတယ်။

၁။ ခန္ဓာကိုယ်မှ အဆိပ်အတောက်ဖယ်ရှားခြင်း

အစားရှောင်ခြင်းက ကောင်းကျိုးဖြစ်စေပါတယ်။ ဘာလို့လဲဆိုရင် အစားလျော့ခြင်းက အစားအသောက်မျိုးစုံ စားသုံးခြင်းဖြစ်တဲ့ အဓိကဖြစ်ပွားတဲ့ အဆိပ်အတောက်များ ခန္ဓာကိုယ်အတွင်း ဆေးကြောသန့်စင်စေပါတယ်။ ခန္ဓာကိုယ်မှာ အဆီများတဲ့အစားအသောက်များ ရောက်မလာဖို့ လိုအပ်ပါတယ်။

၂။ အသားရေအတွက်ကောင်းမွန်ခြင်း

အဆီများတဲ့ အစားအသောက်များ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကို သန့်ရှင်းစေတယ်။ အစာရှောင်နေစဉ်အတောအတွင်း အသားရေ ပိုမို သန့်ရှင်း၊ သိမ်မွေ့၊ ဝင်းပလာပါတယ်။

၃။ တက်ကြွမှုဖြစ်စေခြင်း

ကိုယ်ခန္ဓာရှိ အဆီအနှစ်များ ရှင်းထုတ်ခြင်းလို့ ခေါ်ဆိုနိုင်တဲ့ အစားရှောင်ခြင်း ပထမအဆင့်ပြီးနောက် ဒုတိယအဆင့်က တက်ကြွမှုဖြစ်စေခြင်းပဲ ဖြစ်ပါတယ်။

Ref:healthyfoodstar 

No comments

Powered by Blogger.