ကလေးဘ၀ကတည်းက မျက်စိကွယ်ခဲ့ရာကနေ စားပွဲခုံနဲ့ ခေါင်းဆောင့်မိပြီး မျက်စိပြန်မြင်လာတဲ့ အမျိုးသမီး


အသက် ၁၁ နှစ်အရွယ်ကတည်းက မျက်စိကွယ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ကော်ဖီစားပွဲခုံနဲ့ ခေါင်းဆောင့်မိပြီး နောက်မှာ ထူးဆန်းစွာ အမြင်အာရုံ တစ်ချို့ တစ်ဝက်ပြန်ရခဲ့ပါတယ်။အကြိတ်က မျက်စိအာရုံကြောကို ဖိမိသလိုဖြစ်ပြီး ကလေးဘ၀ကတည်းက မျက်စိကွယ်ခဲ့ရသူ Lisa Reid ရဲ့ ဘ၀ဟာ တစ်ညမှာ အကြီးအကျယ်ပြောင်းလဲခဲ့ပါတယ်။

Lisa ဟာ ညအိပ်ရာဝင်ခါနီး သူမရဲ့လမ်းပြခွေးလေး Ami ကို အိပ်ရာဝင်အနမ်းလေးပေးဖို့ ဒူးထောက်ထိုင်လိုက် ချိန်မှာ ကော်ဖီစားပွဲခုံနဲ့ ခေါင်းဆောင့်မိသွားခဲ့ပါတယ်။ နာသွားတဲ့ခေါင်းကို ပွတ်ပြီး အိပ်ရာဝင်ခဲ့တဲ့ Lisa တစ်ယောက် မနက်မိုးလင်းချိန်မှာတော့ အမြင်အာရုံ တစ်စိတ်တစ်ပိုင်းပြန်ရနေတာကို ပျော်ရွှင်ဖွယ်ရာ တွေ့ မြင်ခဲ့ရပါတယ်။

“ ဘယ်လိုမျိုးခံစားရလဲဆိုတာကို ဖော်ပြဖို့ ကျွန်မစကားလုံးတောင်ရှာမရပါဘူး” လို့ သူမက Daily Mail Australia သတင်းဌာနကို ပြောပြခဲ့ပါတယ်။ သူမဟာ သာမန်လူတစ်ယောက်လို မျက်စိပြန်မြင်ခဲ့ရတာမဟုတ်ပေမယ့် စားပွဲခုံနဲ့ ခေါင်းနဲ့ ဆောင့်မိမှုဟာ  သူမကို အမြင်အာရုံ တစ်စိတ်တစ်ပိုင်းပြန်ရစေခဲ့လဲဆိုတာကို အခုထိ ဘယ်သူမှရှင်းပြနိုင်ခြင်းမရှိသေးပါဘူး။

“ မဆိုစလောက်ကလေးပဲမြင်ရတာပါ။ မြက်ခင်းတွေရဲ့အရောင်၊ ကောင်းကင်ကြီးဘယ်လောက်ပြာနေလဲဆိုတာ၊ လူတွေ အလေးမထားမိကြတဲ့အရာလေးတွေပေါ့” “ ကျွန်မအတွက်တော့ ကမ္ဘာကြီးကို ပြန်မြင်တွေ့ ခွင့်ရတာ တကယ့်လက်ဆောင်မွန်တစ်ခုပါပဲ” လို့ သူမက ဆိုပါတယ်။

သူမအမြင်အာရုံပြန်ရပြီးနောက် မြင်တွေ့ ရတာတွေထဲမှာ အံ့သြစရာအကောင်းဆုံးကတော့ သူရဲ့မောင်လေး လူကြီးတစ်ယောက်အဖြစ် အရွယ်ရောက်နေတာကိုပါလို့ သူမက ပြောပြခဲ့ပါတယ်။

Ref: Mirror 

No comments

Powered by Blogger.