သွားတိုက်ရာမှာ သင် မှားယွင်းစွာလုပ်မိနေတဲ့ အပြုအမူ (၅) ခု


လူတစ်ယောက်ရဲ့ ပါးစပ်က ရောဂါပိုးမွှားတွေဟာ ကမ္ဘာ့လူဦးရေထက်တောင် ပိုများတယ်လို့ ဆိုကြပါတယ်။ ကျွန်တော်တို့ ကလေးဘ၀ကတည်းက သွားဆရာဝန်တွေ သင်ပေးလိုက်တဲ့ နှစ်မိနစ်အပြည့် သွားတိုက်နည်း ကိုတောင် ပြီးအောင် တိုက်ဖို့ ပျင်းရိနေတတ်ကြပါတယ်။  တကယ်တမ်းကျတာ့၊ ကျွန်တော်တို့ ရဲ့ ပါးစပ်သန့် ရှင်းရေးနည်းလမ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ လိုနေပါပြီ။  အောက်မှာဖော်ပြ ထားတာ ကတော့ လူတွေ သွားသန့် ရှင်းရေးလုပ်ကြတဲ့အခါ အကြီးကြီးလွဲနေကြတဲ့ အရာတွေဖြစ်ပါတယ်။

၁။ သွားပွတ်ကြိုးကို ကျွန်တော်တို့ မသုံးကြဘူး

သွားပွတ်ကြိုးနဲ့ သွားကြားတွေကို သန့် ရှင်းရေးလုပ်ပေးရမယ်ဆိုတာ ကျွန်တော်တို့ အကုန်သိကြပါတယ်။ ဒါပေမယ့် ဆိုးတာက ကျွန်တော်တို့ မလုပ်ကြတာပဲ။ သွားသန့် ရှင်းရေးဟာ သွားလေးတိုက်ရုံနဲ့ မပြီးပြည့်စုံ ဘူးလို့  ကိုလံဘီယာတက္ကသိုလ်က သွားဘက်ဆိုင်ရာပါမောက္ခ June Harewood က ပြောပြပါတယ်။ သွားပွတ်တံနဲ့ သွားတိုက်တာ၊သွားပွတ်ကြိုးဆွဲတာ နှစ်မျိုးလုံး လုပ်ပေးခြင်းဟာ သွားဖုံးရောင်ရောဂါဖြစ်နိုင်ခြေ ကို လျော့ကျစေပါတယ်။

၂။ သွားတိုက်တံမှားနေတယ်

မာတောင့်တောင့်သွားပွတ်တံအမွေးနဲ့ တိုက်တာက ကောင်းကျိုးထက် ဆိုးကျိုးပိုများပါတယ်။ သွားအပေါ်ယံ ကြွေသားနဲ့ သွားဖုံးတွေကို မပျက်စီး၊မထိခိုက်စေဖို့ အတွက် သွားတိုက်တံအမွေးပျော့ပျော့ကိုသာ ရွေးချယ်ဝယ် သုံးသင့်ပါတယ်။

၃။ သွားတိုက်နည်းကလည်း မှားနေပြန်သေးတယ်

သွားတိုက်တံအမွေးတင်မဟုတ်ပါဘူး။ သွားတိုက်နည်းကပါ ကျွန်တော်တို့ လွဲနေတတ်ကြပါတယ်။ သွားတိုက်တံကို ၄၅ ဒီဂရီစောင်းကာ၊ သွားအတွင်း၊အပြင် ကို ညှင်ညှင်သာသာနဲ့ အထက်အောက် ပွတ်တိုက်ပေးပါ။ ဘေးတိုက်ပွတ်မဆွဲပါနဲ့ ။

၎။ ဖလိုရိုက်ကို မသုံးကြဘူး။

သွားဖြူဖွေးဖို့ ကိုပဲ အာရုံမစိုက်ပါနဲ့ ။ သင့်ရဲ့ သွားတိုက်ဆေးနဲ့ ပါးစပ်သန့် စင်ဆေးရည်တို့ မှာ ဖလိုရိုက် ပါဖို့ က ပိုအရေးကြီးပါတယ်။

၅။ သွားတိုက်တဲ့အချိန်မှားနေတယ်

မနက်မိုးလင်း၊ညအိပ်ရာဝင် ပုံမှန်တိုက်တာနဲ့ မလုံလောက်သလို အစာစားပြီးတိုင်းလည်း တိုက်လို့ မရပါဘူး။ တကယ်တော့ အစာစားပြီးပြီးချင်း သွားတိုက်တာဟာ၊ အထူးသဖြင့် သင်စားလိုက်တဲ့အစာက အက်စစ်ဓာတ်ပါ (အချဉ်ဓာတ်) ရင် သင့်ရဲ့သွားတွေကို ပိုပျက်စီး အောင်လုပ်နေသလိုပါပဲ။ တကယ်လို့ အစာစားပြီး တိုက်ချင်တယ်ဆိုရင်၊ အနည်းဆုံးမိနစ် ၃၀ လောက် စောင့်ပေးပါ။

Ref: womenshealthmag 

No comments

Powered by Blogger.