လူတစ်ယောက် ကိုယ့်ကို (၂ )မိနစ်အတွင်း ခင်မင်သွားစေဖို့အတွက် ဒီနည်းလမ်း (၅) သွယ်အတိုင်း လုပ်ဆောင်ရန်သာလိ


လူတစ်ယောက်နဲ့ ခင်မင်ရင်းနှီးသွားဖို့ဆိုတာ အချိန်အတိုင်းအတာ တစ်ခုလောက်တော့ ကြာကြတာချည်းပါပဲ။ ဒါပေမယ့် ခုချိန်မှာတော့ သင့်ကိုတခြားလူတွေ ခင်မင်လာစေဖို့အတွက် အချိန်အများကြီး ရင်းနှီးပစ်စရာ မလိုတော့ပါဘူး။ (၂)မိနစ်အတွင်း သင့်ဘေးနားကလူတွေ သင့်ကို ခင်မင်လာစေဖို့ ဒီအချက်တွေအတိုင်းသာ လုပ်ဆောင်ကြည့်လိုက်ပါ။

၁။စိတ်ပါလက်ပါ စိတ်ရင်းအတိုင်း ပြောဆိုကြည့်ပါ။

သင့်စိတ်ထဲ ပြောချင်တာတွေကို ဟန်ဆောင်ပန်ဆောင် မဟုတ်ပဲ သင့်ပြောနေကျ ပုံစံအတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။ လက်ဟန်ခြေဟန်နဲ့ ပြောဆိုတာမျိုးကိုလည်း ရှိန်နေစရာ မလိုပါဘူး။ ပထမဆုံးအကြိမ်တွေ့တဲ့အခါမှာ တင် သင်ဟာ သင်လိုစိတ်များတဲ့သူ ဖြစ်ရင်ဖြစ်မယ်၊ တစ်ခုခုကို စိတ်အားထက်သန်စွာ ပြောဆိုတတ်သူ ဖြစ်ကောင်းဖြစ်မယ်၊ ကူညီတတ်သူ၊ ညှိုနှိုင်းပြောဆိုတတ်သူ ဖြစ်ကောင်းဖြစ်မယ်။ နွေးနွေးထွေးထွေး ဆက်ဆံတတ်သူ လည်း သင်ဖြစ်နေနိုင်ပါတယ်။

၂။တစ်ဖက်လူနဲ့ စကားပြောတဲ့အခါ မျက်လုံးချင်း ဆုံပါစေ။

ခုမှ အသိမိတ်ဆွေဖွဲ့ရမယ့်သူနဲ့ စကားပြောတဲ့အခါ ရှက်သလို၊ ကြောက်သလို တစ်ဖက်လူရဲ့ မျက်လုံးကို လိုက်ရှောင်ပြီး ပြောဆိုမနေသင့်ပါဘူး။ သူ့မျက်လုံးကို စိုက်ကြည့်ပြီးတော့သာ သေချာပြောဆိုသင့်ပါတယ်။

၃။ပြုံးပြုံးရွှင်ရွှင်နေဖို့ မမေ့ပါနဲ့။

သင်ဟာ လူတစ်ယောက်နဲ့ စတင်ဆုံတွေ့ချိန်မှာ အပြုံးတစ်ပွင့်နဲ့ အဲ့ဒီလူကို စကားစတင်ပြောဆိုနိုင်ပါပြီ။ လူတစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့တဲ့အခါ သင့်ကို ပထမဆုံး မှတ်မိစေတာကလည်း သင့်အပြုံးပဲဆိုတာ မမေ့ပါနဲ့။

၎။လူတစ်ယောက်ကို စတင်နှုတ်ဆက်တတ်ပါစေ။

တစ်ခါတစ်လေ ကိုယ်နဲ့မသိတဲ့သူတွေ ဆုံတဲ့အခါ ကိုယ့်အနေနဲ့ စကားစတင်ပြောဆိုဖို့ ရှိန်နေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတစ်ရပ်ကို သင်ကစပြီး နှုတ်ဆက်စကားလေး ပြောဆိုလိုက်မယ်ဆိုရင် သင့်ကို တခြားလူတွေ ခင်မင်သွားပါလိမ့်မယ်။

၅။သင်နဲ့စကားပြောနေသူဘက်ကို သင့်ခန္ဓာကိုယ် လှည့်ထားပါ။

သင်ဟာ ကိုယ်နဲ့စကားပြောဆိုနေသူတစ်ယောက်ကို ဘေးစောင်းကြီး ပြောနေတာမျိုး၊ ခပ်ခွာခွာကြီး ပြောနေတာမျိုး၊ လက်ပိုက်ပြီး ခပ်တည်တည်ကြီး ပြောဆိုနေတာမျိုး မဖြစ်ပါစေနဲ့။ သူ့ကို ပြုံးပြပြောဆိုရင် သူ့ဘက်ကို တိုးလို့ဖြစ်စေ၊ သူ့ဘက်ကို သေချာလှည့်လို့ဖြစ်စေ ပြောဆိုပေးဖို့ လိုအပ်ပါတယ်။

Ref:yourtango

No comments

Powered by Blogger.