ရောဂါကူးစက်မှု မခံရအောင် ကာကွယ်ပေးမယ့် နည်းလမ်း (၁၀) ခု


နေရာအတော်များများမှာ မြစ်ရေတန့်ခြင်း၊ အညစ်အကြေးများ ပြည့်လျှံခြင်းတွေကြောင့် မှိုနဲ့ ဘက်တီးရီးယား ကူးစက်ရောဂါဖြစ်ပွားမှု အန္တရာယ် အလွန်များပါတယ်။ မိမိနေ့စဉ်ဘဝနေထိုင်မှုမှာ အနေအထိုင်သန့်စေဖို့၊ ကျန်းမာရေးကောင်းမွန်ဖို့ ဖြည့်သွင်းဆောင်ရွက်နိုင်တဲ့ အခြေခံအချက်တချို့ရှိပါတယ်။

၁။ စိုထိုင်းတဲ့ အသားအရေက ရောဂါကူးစက်ခြင်း၊ အဖုအပိမ့်ထခြင်း၊ အသားရေအရောင်ပျက်ခြင်းနဲ့ ပွေးတွေ ဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေနဲ့ ကင်းဝေးဖို့ ခြောက်သွေ့တဲ့ ပုဝါလေးကို အမြဲဆောင်ထားပြီး မိမိကိုယ်ကို မကြာမကြာ သုတ်ပေးရမှာ ဖြစ်ပါတယ်။

၂။ ချည်သားအဝတ်အစားများဝတ်ပြီး ခြင်ကိုက်မခံရစေဖို့ အင်္ကျီလက်ရှည်တွေဆိုရင် ပိုကောင်းပါတယ်။ ညအချိန်နဲ့ အပြင်ထွက်တဲ့အချိန်မှာ ခြင်မကိုက်တဲ့ ခရင်မ်လိမ်းပေးပါ။

၃။ တစ်နေ့ ရေနှစ်ခါချိုးပြီး ဆံပင်၊ လက်သည်းနဲ့ လက်ချောင်းကြားတွေကို သေချာခြောက်အောင် သုတ်ပါ။

၎။ ည အိပ်ရာမဝင်ခင် အလှဆီလိမ်းဖို့ မမေ့ပါနဲ့။ အသားရေခြောက်သွေ့ခြင်းမှ ကာကွယ်ပေးမှာဖြစ်တယ်။

၅။ မျက်မှန်တပ်သူဖြစ်ပါက မတပ်ခင် လက်ကိုင်ပုဝါလေးနဲ့ ခြောက်အောင်သေချာသုတ်ပါ။

၆။ မိတ်ကပ်၊ မျက်တောင်ခြယ်လိုင်နာစတဲ့ မိမိတစ်ဦးတည်း သီးသန့်သုံးပစ္စည်းတွေကို မျှဝေမသုံးစွဲပါနဲ့။

၇။ မျက်လုံးနီမြန်းခြင်း သို့မဟုတ် မျက်ရည်ယိုခြင်းဖြစ်တဲ့အချိန်မှာ မျက်စဉ်းခပ်ဆေး အသုံးပြုပါ။

၈။ နောက်ရက်အနည်းငယ်အတွင်း မျက်ကပ်မှန် မတပ်ပါနဲ့။ ဘာလို့လဲဆိုတော့ မျက်စိရောဂါကူးစက်မှုဖြစ်ပွားစေနိုင်တာကြောင့် ဖြစ်ပါတယ်။

၉။ ဆံပင်ခြောက်ခံစက် ပုံမှန်လေး သုံးဖြစ်အောင်လုပ်ပါ။

၁၀။ မှိုတိုက်ဖျက်ဆေး၊ လက်သန့်စင်ဆေး၊ ဖုန်မကပ်အောင်ပေါင်ဒါရိုက်ခြင်းနဲ့  နှုတ်ခမ်းစိုပြေစေမယ့် အလှဆီတွေကို အမြဲဆောင်ထားပါ။ 

Ref: Indiatimes

No comments

Powered by Blogger.