ဆံပင်မှတဆင့် နှလုံးရောဂါ ရှိမရှိ ကြိုသိနိုင်
်
ဆံပင်အတွင်းရှိ စိတ်ဖိစီးမှုဟော်မုန်းဖြစ်စေတဲ့ များပြားလှတဲ့ cortisol ပမာဏက နှလုံးရောဂါကို လနဲ့ချီ ကြို သိခွင့်ရရှိစေနိုင်ပါတယ်။ အလုပ်၊ အိမ်ထောင်ဘဝ အဆင်မပြေခြင်းနဲ့ ငွေကြေးပြသနာတွေ က နှလုံးသွေးကြောရောဂါအန္တရာယ် ဘယ်လိုပိုဖြစ်စေလဲဆိုတာ ကနေဒါသိပ္ပံပညာရှင်များမှ စမ်းသပ်လေ့လာခဲ့ကြပါတယ်။ နှလုံးရောဂါကို ကြိုတင်ခန့်မှန်းသိရှိနိုင်တဲ့ biological maker တစ်ခုပါရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ပုံမှန်အားဖြင့် cortisol ကို သွေး၊ ကျင်ငယ်ရည်နဲ့ တံထွေးကနေတဆင့် စစ်ဆေးတိုင်းတာပါ။ ဒါပေမယ့် University of Western Ontario မှ ပါမောက္ခတွေကတော့ ဒီနမူနာတွေအားလုံးဟာ cortisol ပမာဏကို စစ်ဆေးမှု မတိုင်မီ နာရီပေါင်းများစွားကတည်းက ပြနေပြီလို့ ရှင်းပြကြပါတယ်။
ဆံပင်ဆို တမျိုးကွဲပါတယ်။ သာမန်ဆံပင်ဟာ တစ်လ ၁ စင်တီမီတာကြီးထွားပြီး ၆ လက်မ အရှည်ဆံခွေက စိတ်ဖိစီးမှုအတိုင်းအတာကို အချိန်ပိုမိုကြာရှည် ပြသပေးနိုင်ပါတယ်။ ဒီအသိပညာကို နှလုံးရောဂါခံစားဖူးသူ အယောက် ၅၆ ထံမှ ဆံပင်နာမူနာကနေ တဆင့်နဲ့ နှလုံးရောဂါမဟုတ် ရောဂါမျိုးစုံခံစားဖူးတဲ့ တခြားသူများရဲ့ ဆံပင်နာမူနာစစ်ဆေးမှုရလဒ်များနဲ့ နှိုင်းယှဉ်ခြင်းပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။
Ref:healthyfoodstar.com
No comments