အက်ရှင်ဇာတ်ကားများကြည့်ခြင်းဖြင့် လိမ်လည်ပြောဆိုနိုင်ခြေ အလားအလာပိုများ


သင်ဟာ ရုပ်ရှင်ဇာတ်ကား စိတ်ပါဝင်စားသူ တစ်ဦးဖြစ်ပါက အက်ရှင်ဇာတ်ကားတွေ လုံးဝမကြည့်တာ ပိုကောင်းပါလိမ့်တယ်။ ရက်စက်ကြမ်းတမ်းတဲ့ ရုပ်ရှင်တွေကြည့်ခြင်း သို့မဟုတ် ကြမ်းကြုတ်တဲ့ အကြောင်းအရာရေးသားဖော်ပြထားတဲ့ စာအုပ်တွေ ဖတ်ရှုခြင်းက မိမိကို မုသား၊ လိမ်လည်တတ်တဲ့ စကားတွေ ပြောဆိုစေနိုင်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။

လူမဆန်ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေကို မြင်တွေ့ ထိတွေ့နေခြင်းဟာ ငွေကြေးရရှိဖို့အတွက် လိမ်လည်ပြောဆိုမှု ပိုဖြစ်စေတဲ့အချက်နဲ့ အခိုင်အမာဆက်စပ်နေကြောင်း ယင်းလေ့လာမှုက ဆိုပါတယ်။

အကြမ်းဖက်တဲ့ မီဒီယာတွေက တခြားသူတွေကို ရန်လိုတဲ့အပြုအမူ ပိုဖြစ်ပွားစေတယ်။ သို့သော် အခုဖော်ပြနေတာတွေဟာ အဲဒီထက်ပိုကြောင်း အမေရိကနိုင်ငံ အူတပြည်နယ်ရှိ Brigham Young University မှ နိုင်ငံရေးသိပ္ပံပါမောက္ခဖြစ်တဲ့ ယင်းလေ့လာမှု ဦးစီးဆောင်ရွက်သူ Josh Gubler ကဆိုပါတယ်။ 

Ref: Indiatimes

No comments

Powered by Blogger.