ပန်းကန်ဆေးဖော့တွေမှာ ဘက်တီးရီးယားပိုးတွေ သန်းနဲ့ချီ ရှိနေတာ


မကြာသေးမီက ဗြိတိသျှသုတေသန တစ်ခုအရ အသုံးပြုပြီး ပန်းကန်ဆေးဖော့ ၉၀% ကျော်မှာ ဘက်တီးရီးပိုး မြောက်များစွာ ပါဝင်တယ်လို့ ဆိုပါတယ်။ ။ ဒီဘက်တီးရီးယား ပိုးမွှားတွေ က ပြင်းထန်တဲ့ ရာဂါဘယတွေ ဖြစ်ပေါ်စေနိုင်ကြောင်း စဉ်းစားကြည့်ရင် ကြောက်ခမန်းလိလိ ဖြစ်ပါတယ်။

Global Hygience Council မှ ဗြိတိသျှကျွမ်းကျင်ပညာရှင်များက လူ ၈၅% ကျော်က ဘက်တီးရီးယားပိုးများ သေစေနိုင်လောက်တဲ့ အပူချိန်မှာ သူတို့ပန်းကန်ဆေးဖော့ကို မဆေးကြကြောင်း တွေ့ရှိခဲ့ပါတယ်။ သုတေသနမှာ တွေ့ရှိချက်အရ ပန်းကန်းဆေးဖို့ သုံးတဲ့ ဖော့တွေမှာ အဓိက ရောဂါကူးစက်မှုပွားခြင်းရဲ့ အရင်းအမြစ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ ရေချိုးခန်းတံခါး လက်ကိုင်များထက် ဘက်တီးရီးယား ၆ ဆ ပိုမို ပါဝင်ကြောင်း သိပါတယ်။

ပန်းကန်ဆေးဖော့တွေဟာ အမြဲရေစိုနေလေ့ရှိတာမို့ ဘက်တီးရီးယားပိုးများရှင်သန်ကြီးထွားဖို့အတွက် ဝန်းကျင်ကောင်းတစ်ခုဖြစ်စေပါတယ်။ ဒါ့အပြင် ပန်းကန်ဆေးဖော့ ၉၀% ခန့်မှာ ဘက်တီးရီးယား ၁ ဘီလျံထက်မက ပါဝင်ပါတယ်။ အဲဒီအနက် ၆၀% မှာ အသက်အန္တရာယ်ဖြစ်စေတဲ့ Escherichia coli ရောဂါပါဝင်ပြီး ၂၅% မှာ မျက်စိနဲ့ အရေပြားရောဂါကူးစက်မှုနဲ့ အများဆုံးဆက်နွယ်တဲ့ Pseudomonas spp ရောဂါများစွာ ပါရှိပါတယ်။

ယင်းရောဂါ အန္တရာယ်တွေ ကာကွယ်ဖို့ နည်းလမ်းတွေမှာတော့

၁။ အိုးခွက်ပန်းကန်းတွေ ဆေးကြောပြီးတိုင်း ဖော့ကို ရေနွေးနဲ့ သေချာဆေးပေးပါ။  နှစ်ရက်တစ်ခါ ဘက်တီးရီးယား ပိုးသတ်ဆေးဖြင့် သေချာဆေးပေးရပါမယ်။

၂။ ပန်းကန်ဆေးဖော့လေးကို (၂) ပတ် တစ်ကြိမ် လဲပေးပါ။

၃။ ပန်းကန်ဆေးဖော့ကို ၆၀ ဒီဂရီဆဲလ်စီးရပ်စ်ထက်များတဲ့ အပူချိန်မှာ ပြုတ်ပေး သို့မဟုတ် ဆေးကြောပေးပါက ပိုကြာကြာ အသုံးပြုနိုင်ပါတယ်။ ပန်းကန်ဆေးစက်နဲ့လည်း သန့်စင်ပေးနိုင်ပါတယ်။

၎။ ပန်းကန်တင် စားပွဲ၊ စင်တွေ သုတ်ဖို့  ပန်းကန်ဆေးဖော့အစား ပိုးသတ်အဝတ်စတွေ သုံးပါ။

Ref:healthyfoodteam 

No comments

Powered by Blogger.