အစွမ်းထက် အိမ်တွင်းဖြစ် အစွန်းအထင်း တိုက်ချွတ်ဆေး


အရောင်စွန်းထင်းမှုတွေဟာ ကျွုန်ုပ်တို့နေ့စဉ်ဘဝရဲ့ မဖြစ်မနေကြုံတွေ့ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ အင်္ကျီအဝတ်အစား၊ ပရိဘောဂ အသုံးအဆောင်ပစ္စည်းများနဲ့ ကားထိုင်ခုံတွေတောင် ကျွန်ုပ်တို့ စွန်းထင်းမိစေကြပါတယ်။ ဈေးဆိုင်၊ ကုန်တိုက်တွေမှာ အရောင်ချွတ်ဆေးမျိုးစုံရှိကြပေမယ့် အဲဒါတွေဟာ ဓာတုပစ္စည်းများဖြင့်ပြုလုပ်ဖော်စပ်ထားပြီး သတိနဲ့ အသုံးပြုရန် လိုအပ်ပါတယ်။ အရောင်စွန်းထင်းမှုတွေဖြစ်လာရင် ဘယ်လို ဖယ်ရှားမလဲဆိုတာ သိဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ အဓိက အရေးကြီးအချက်မှာ အရောင်စွန်းထင်းမှုဖြစ်ဖြစ်ချင်း မဆိုင်းမတွ ရှင်းလင်းပေးခြင်းပဲဖြစ်ပါတယ်။ ဘာမှမလုပ်ဘဲ အကြာကြီးထားလေ၊ ၄င်းကမြဲလေ၊ ပြန်ဖျက်ရ ခက်ခဲလေ ဖြစ်ပါတယ်။ ကံအားလျှော်စွာဖြင့် အပြင်းစား ဓာတုပစ္စည်းအစွန်းအထင်းချွတ်ဆေးမလိုအပ်ပါဘူး။ ဒ်ီအိမ်တွင်းဖြစ်အစွမ်းထက်အစွန်းအထင်းချွတ်ဆေးက အမြဲမြံဆုံး စွန်းထင်းမှုတွေကို ဖြေရှင်းနိုင်ပြီး ၄င်းကို မိမိပတ်ဝန်းကျင်မှာတင် တွေ့ရှိနိုင်သည့် ပစ္စည်းတချို့ဖြင့်သာ ပြုလုပ်ထားပါတယ်။

လိုအပ်သည့်အရာများ

·         ဆပ်ပြာရည် ၁၀၀ မီလီလီတာ

·         အယ်ကိုဟောလ် ၉% ရှိ ရှာလကာရည် ၁၀၀ မီလီလီတာ

·         သတ္တုဆားရည် ၁၀၀ မီလီလီတာ

·         စပရီးပုလင်း (၁) လုံး

·         စုတ်တံ (၁) ချောင်း

ပါဝင်ပစ္စည်းအားလုံးအတူရောစပ်ပြီးနောက် စပရီးဗူးအလွှတ်တစ်လုံးမှာ ထည့်ရပါမယ်။ အရောင်စွန်းထင်းသည့်နေရာတွေမှာ လိုက်ဖျန်းပြီး ၁၀-၂၀ မိနစ်ခဏထားပါ။ ပြီးနောက် အစွန်းအထင်းတွေကို စုတ်တံဖြင့် ပွတ်တိုက်ပေးပါ။ ကြာပြီး အရမ်းမြဲတဲ့ အစွန်းထင်းတွေကို ပြန်ပြန်လုပ်ဆောင်ပြီး အစွန်းတွေကို ဖယ်ရှားပေးပါ။ 

Ref: Healthyfoodteam

No comments

Powered by Blogger.