နှစ်တွေကြာလာသည့်တိုင် သူ့ဘက်က လက်ထပ်ခွင့်တောင်း မလာသေးဘူးဆိုရင်


ချစ်သူရည်းစားဘဝနဲ့ ၆ နှစ်ကျော်လောက်ဖြတ်သန်းခဲ့ပြီး မကြာခင် သူ လက်ထပ်ခွင့်တောင်းလာလိမ့်မယ်လို့ မျှော်လင့်လျက်နေမိပါလိမ့်မယ်။ သူနဲ့လည်း မပြတ်လက်တွဲခဲ့ကြပြီး ခုဆိုရင် လက်စွပ်တစ်ကွင်း မပေးထားသည့်တိုင် ဇနီးတစ်ယောက်ကဲ့သို့ နေထိုင်ကြတယ် ဆိုပါစို့။ ဒါပေမယ့် မိမိချစ်သူစုံတွဲ ဆက်ဆံရေးက အခြေအနေတစ်ရပ်မှာ တန့်နေတယ်ဆိုရင်တော့ တစ်စုံတစ်ခုတော့ လွဲနေပါပြီ။

ချစ်သူစုံတွဲများအဖြစ် အချိန်ကြာမြင့်စွာ လက်တွဲခြင်းက မှားတယ် မပြောပါဘူး။ ဒါပေမယ့် လူတစ်ယောက်ကို ၆ နှစ်ကြာ ရည်းစားအဖြစ် လက်တွဲခဲ့ပြီး ကလေးယူဖို့ ဒါမှမဟုတ် အိမ်ထောင်ရေးအကြောင်း စကားစမြည်ပြောဆိုဆွေးနွေးမှု တစ်စုံတစ်ခု မရှိဘူးဆိုရင် အဲဒီအနေအခြေကို ဆန်းစစ်ဖို့ လိုအပ်နေပါပြီ။

အချိန်ကြာကြီး ချစ်သူရည်းစားတွေ ဖြစ်ကြပြီး နောက်ဆုံးအိမ်ပြုခြင်းနဲ့ အဆုံးသတ်ကြသူတွေတော့ ရှိပါတယ်။ ကောင်လေးက သင့်မိဘဆီ ချဉ်းကပ်မှုလည်းမလုပ်၊ လက်ထက်ဖို့ အစဉ်အစီလည်း မပြော၊ သူ့ကိုယ်သူလည်း မိတ်ဆက်တာမျိုး မလုပ်ဘူးဆိုရင် သင့်ဘက်က အသစ်ရှာဖို့ သင့်နေပြီ။

စေ့စပ်လက်စွပ်မပေးပေမယ့် ကလေးအကြောင်းတွေဘာတွေ ပြောဆိုနေကြတယ်ဆိုရင်တော့ အနည်းဆုံး သူ သင့်ကို သူ့ဘဝမှာ အမြဲလိုချင်နေတယ်ဆိုတာ သဘောပေါက်ပါ။ အမျိုးသားတစ်ယောက်က ၇ နှစ်ကြာ လက်တွဲသည့်တိုင် လက်ထပ်ခွင့် မတောင်းသေးဘူးဆိုရင်တော့ သူတောင်းမှာ မဟုတ်တော့လို့ပါပဲ။ ယျေဘူယျအနေနဲ့ ယောက်ျားလေးများက သူတို့လိုအင်ဆန္ဒနောက်ပဲ လိုက်ကြပါတယ်။ လက်စွပ်တစ်ကွင်း မပေးနိုင်ရင်တောင် သူ သင့်ကို လက်ထပ်ချင်တယ်ဆိုရင် ရည်းစားအဖြစ် မဟုတ်ဘဲ သူ့ဇနီးအဖြစ် ရှိနေပေးဖို့ စကားဆိုပါလိမ့်မယ်။

ဆိုတော့ ရှေ့ဆက်လက်တွဲနေရင် အချိန်ပိုကြာလာမယ်။ အထူးသဖြင့် သူလုံးဝ လက်ထပ်ခွင့်မတောင်းဆိုရင် အချိန်ဘယ်လောက် အလကားကုန်မလဲ တွေးကြည့်သင့်ပါတယ်။ နှစ်ရှည်လများ လက်တွဲခဲ့ကြတဲ့ သမီးရည်းစား ဆက်ဆံရေးကို အဆုံးသတ်ပြီး အစမှ ပြန်စဖို့ တွေးကြည့်ရဲသလား။ အမျိုးသားများအနေနဲ့ ဘယ်မိန်းကလေးနဲ့ လက်ထပ်မယ်၊ မလက်ထပ်ဘူးဆိုတာ သူတို့ ချက်ချင်းသိကြပါတယ်တဲ့။ သူ သင့်ကို လက်ထပ်မယ်၊ မလက်ထပ်ဘူး တွေဝေနေသေးရင်တော့ အဖြေက သေချာပါတယ် "နိုး" ပဲ ဖြစ်ပါတယ်။ 

Ref: Standardmedia

No comments

Powered by Blogger.