အိပ်စက်ခြင်းမှ ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ


အိပ်စက်ခြင်းက ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးအမျိုးမျိုးရရှိစေပေမယ့် ဒီအချက်ကို လူအများစုက လျစ်လျုရှူလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း အိပ်စက်ဖို့ အချိန်အနည်းငယ်သာ ယူကြပြီး မျက်စိကြောင်တာတွေ ရင်ဆိုင်ကြရတာပေါ့။ အိပ်စက်ခြင်းမှ ရရှိတဲ့ အကျိုးကျေးဇူးတွေက ဘာတွေများလဲ။

၁။ ဦးနှောက်ဥာဏ်ရည်ထက်မြတ်စေ

နေ့ခင်းဘက် (၁) နာရီအိပ်ပေးခြင်းက ဦးနှောက်ဆဲလ်များ တိုးပွားစေပါတယ်။ ဒါ့ကြောင့် ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်စေပြီး မှတ်ဥာဏ်စွမ်းရည်ကို ထိန်းသိမ်းပေးပါ။

၂။ အာဟာရဓာတ်ပြန်ရစေ

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပေးလိုက်တဲ့အခါ စိတ်ဖိစီးမှု သို့မဟုတ် ကိုယ်ကာယ စိုက်ထုတ်မှုကြောင့် ဆုံးရှုံးခဲ့တဲ့အားအင်တွေ ပြန်လည်ရရှိပြီး အစာခြေမှု အားကောင်းစေပါတယ်။

၃။ ကိုယ်အလေးချိန်တိုးစေ

တချို့က သူတို့ ဘာကြောင့် ပိန်လှီနေရလဲဆိုတာ ညည်းညူပြောဆိုကြပြီး ကိုယ်အလေးချိန်တက်စေနိုင်တဲ့ နည်းလမ်းမှန်သမျှ စမ်းသပ်လုပ်ဆောင်ကြပြီး သူတို့ကြိုးပမ်း အားထုတ်မှုအားလုံး မအောင်မြင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ နေ့လည်နေ့ခင်းဘက် တစ်မှေးမှမအိပ်၊ ညမှာ ၇ နာရီထက် မအိပ်ဘဲ အလေးချိန်တက်ဖို့ မျှော်လင့်နေကြသူတွေဖြစ်ပါတယ်။ ကိုယ်အလေးချိန်တက်စေမယ့်ဆေးတွေ ဝယ်သောက်စရာမလိုအပ်ပါဘူး။ အိပ်ပေးရုံဖြင့် ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။

၎။ မျက်နှာပြည့်ဖြိုးပြီး ရုပ်ဖြောင့်စေ

ကျွန်ုပ်တို့ချောချင်၊ လှချင်ကြတယ် မဟုတ်လား။ အနည်းဆုံးတစ်လလောက် နေခင်းဘက် ကောင်းကောင်း အိပ်ပေးလိုက်ပါ။ ပြီးရင် ကိုယ့်ကိုယ်မှန်မှာ ပြန်ကြည့်၊ ပါးပြင်နဲ့ မျက်နှာတွေ ပြောင်းလဲလာတာ သတိပြုမိပြီး ရုပ်ရည် ချောမောလှပစေမှာ ဖြစ်ပါတယ်။ 

No comments

Powered by Blogger.