မုသားပြောဆိုသူတွေကို ၅ မိနစ်အတွင်း ဖော်ထုတ်ကြမယ်


မကြာမီက လေ့လာမှုတစ်ခုအရ သာမန်သူတစ်ယောက်ဟာ တစ်ပတ်မှာ အမှန်တရား (၁၁) ကြိမ်အထိ ပြောပါသတဲ့။ သဘောက ကိုယ့်အထဲမှာ လိမ်လည်ပြောဆိုနိုင်ခြေရှိသူတစ်ယောက်ယောက် ရှိနေနိုင်ကြောင်း သံသယဖြစ်စရာ မလိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

တစ်စုံတစ်ယောက် လိမ်၊ မလိမ်သိနိုင်တဲ့ အခြားနည်းလမ်းတွေရှိနိုင်ပါတယ်။ ဒါပေမယ့် မုသားထုတ်ပြောလိုက်တဲ့အခါ ခန္ဓာကိုယ်တွန်းလှန်ပုန်ကန်မှုဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာလက္ခဏာရပ် အသေးမွှားလေးတွေ ဖြစ်ပေါ်လာကြောင်း စိတ်ပညာရှင်နဲ့ မုသားနဲ့ ပတ်သက်တဲ့ သုတေသီ ပါရဂူ Paul Ekman က ဆိုပါတယ်။

ခေါင်း

မိမိလုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်က သင့်စိတ်ကူးစိတ်သန်းကို တုပပြီး သဌေးဆီ သူ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းလို  ဟန်ဆောင်မလုပ်ကြောင်း ပြောပြတဲ့အခါ ခေါင်းကို မသိမသာ ခါတတ်ကြတယ်။

မျက်နှာ

လူတွေ ညာပြောတဲ့အခါ ဦးနှောက်နဲ့ မထိန်းလိုက်နိုင်မီ စက္ကန့်ပိုင်းအတွင်း မျက်နှာမှာ လက်ခနဲပေါ်ပါတယ်။ သင့်တိုက်ခန်းသစ်ကို အရမ်းသဘောကျပါတယ်လို့ သင့် အမေ သင့်ကို မပြောခင် သူမ လျှပ်တစ်ပြက် မျက်နှာရှုံ့မဲ့ခဲ့ပြီးပါပြီ။ ဒါကို သင်သတိထားမိလိုက်တယ် မလား။

လက်

လက်ညွှန်းထိုးခြင်း၊ လက်ကိုဆော့နေခြင်း မျက်နှာကုတ်ခြင်းကဲ့သို့ လက်အမူအရာတွေက လူတစ်ယောက် ရိုးသားလား မရိုသားလားဆိုတဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။

ပြောပုံဆိုပုံ

မုသားပြောဆိုသူတွေဟာ အမှန်ပြောသူထက် မေးခွန်းတွေ ဖြေကြားတာ ပိုကြာပြီး ပြောဆိုနေရင်းစပ်ကြား ရပ်နား တတ်ကြပါတယ်။ 

Ref: womenshealthmag

No comments

Powered by Blogger.