လက်ချောင်းလေးတွေ နူးညံ့လှပနေအောင် ဘယ်လို ဂရုစိုက်ထိန်းသိမ်းနည်းနိုင်သလ
အမျိုးသမီးတိုင်း လှပတဲ့ လက်မျိုးလေးတွေ ပိုင်ဆိုင်ချင်ကြပေမယ့် အချိန်မရှိခြင်းကြောင့် သူတို့လက်တွေကို ဂရုစိုက်ဖို့ လျစ်လျူရှုခဲ့ကြရပါတယ်။ လက်တွေဟာ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကဲ့သို့ ဆဲလ်သေများ ဖယ်ရှားပေးဖို့နဲ့ အရေပြား အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။
မိမိကိုယ်ကို ပုံမှန်ဂရုစိုက်စောင့်ရှောက်သူ အမျိုးသမီးအများစုဟာ အရေခွံချွတ်ဖို့ မေ့လေ့ရှိကြပြီး တစ်ချို့ကျတော့လည်း ဒါကို လျစ်လျုရှူလေ့ရှိကြပါတယ်။ လက်တွေ ပြန်လည်ဝင်းပစေဖို့နဲ့ ကြည့်ကောင်းရှုကောင်းဖြစ်စေဖို့ ပစ္စည်း (၂) မျိုးသာ လိုအပ်တဲ့အပြင် အကုန်အကျလည်း သက်သာစေမှာလည်း ဖြစ်ပါတယ်။
လိုအပ်သည့် ပစ္စည်းများ
သကြား ထမင်းစားဇွန်း (၁) ဇွန်း
သံလွင်ဆီ ထမင်းစားဇွန်း (၁) ဇွန်း
ပြင်ဆင်ပုံပြင်ဆင်နည်း
ဒီပါဝင်ပစ္စည်းနှစ်ခုလုံးကို လက်ဖဝါးပေါ်တင်ပြီး ညာသာစွာ ပွတ်သပ်ပေးရပါမယ်။ နှစ်ခုပေါင်းစပ်သွားတဲ့အခါ လက်နဲ့လက်ချောင်းနှစ်ခု ပွတ်သပ်ပေးဖို့ လိုအပ်ပါတယ်။ လက်တွေကို အဝိုင်းလိုက်ပုံစံနဲ့ ပွတ်သပ်ပေးခြင်းဖြင့် အရေခွံကွာကျစေမှာ ဖြစ်ပါတယ်။ လက်ကိုသန့်ရှင်းစေပြီး သံလွင်ဆီကြောင့် လက်ကို ဝင်းပသွားစေကာ လက်တွေကို အလိုအလျောက်ထိန်းသိမ်းပေးမှာ ဖြစ်ပါတယ်။ လက်ကို ရေးနွေးနဲ့ ဆေးကြောပြီးနောက် လက်ကိုစိုပြေအောင် ရိုးရိုးအလှဆီ လိမ်းထားပေးလိုက်ပါ။
No comments