ကိုယ်ယောင်ဖျောက်ဆေးခြယ်ပြခဲ့တဲ့ ခန္ဓာကိုယ် အလှဆင်ပညာရှင်


Trina Merry ဆိုတဲ့ ခန္ဓာကိုယ် အလှဆင်ပညာရှင်တစ်ဦးဟာ ကမ္ဘာ့အံ့ဖွယ်နေရာတွေက ရှုခင်းတွေနဲ့  မော်ဒယ်တွေကို တစ်သားတည်း ဖြစ်အောင် ကိုယ်ယောင်ဖျောက်ဆေးခြယ်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံက မဟာတံတိုင်း၊ အီတလီနိုင်ငံ၊ ရောမမြို့ က Colosseum ပွဲကြည့်စင် စတဲ့ ကမ္ဘာ့နေရာ အနှံ့ အဖျားက အံ့ဖွယ်နေရာတွေကို သွားရောက်ကာ သူမရဲ့ မယုံနိုင်လောက်စရာအရည်အချင်းကို ပြသခဲ့တာ ဖြစ်ပါတယ်။Trina Merry က မော်ဒယ်ကိုဆေးခြယ်ပြီး၊ နောက်ခံရှုခင်းနဲ့ ရောထွေးသွားမယ့် နေရာကို ရွှေ့ ပြောင်းချိန်တွေအတွက် ဓာတ်ပုံ ရိုက်ကွက်တစ်ကွက်ကို ရှစ်နာရီကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ချို့ ဓာတ်ပုံတွေဟာ အရမ်းကို တိကျသပ်ရပ်လွန်းတာကြောင့် မော်ဒယ်ဟာ လုံးဝ မြင်ကွင်းက ကွယ်ပျောက်နေသယောင် ထင်မှတ်ရပါတယ်။

မဟာတံတိုင်းသာမက ပီရူးနိုင်ငံက အင်ကာတောင်တက်လမ်း၊ ရောမနိုင်ငံက Colosseum ၊ အီဂျစ်နိုင်ငံက ဂီဇာ မဟာပိရမစ်၊ ဂျော်ဒန်နိုင်ငံက ပီထရာရှေးဟောင်းမြို့ တော်၊ မက္ကဆီကိုနိုင်ငံက Chichen Itza မြို့ တော် စတဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအများအပြားမှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

“ မျက်မှောက်ခေတ်ခရီးသွားလုပ်ငန်းမျိုးတွေကြောင့်၊ လူတွေက ဒီအံ့ဖွယ်နေရာတွေကို လည်ပတ်ဖို့ အကောင်းဆုံးနေရာလို့ သတ်မှတ်ထားကြပေမယ့် လူတွေက ဒီရောက်ပြီးရင် selfie လေးရိုက်၊ အမှတ်တရ လက်ဝတ်တန်ဆာပစ္စည်းလေးတွေဝယ်၊ စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားကြတာကို ကျွန်မတော့ အံ့သြမိတယ်။ သူတို့  ကြည့်ရတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပုံပဲ”

“ နေရာတစ်ခုကို ဘာလို့  ‘အံ့ဖွယ်’ လို့ သတ်မှတ်ရလဲဆိုတာက ကျွန်မနားလည်ချင်ခဲ့မိတယ်။ ဘာလို့  ဒီ သက်မဲ့အဆောက်အဦးတွေက သမိုင်းတွင်နေတာလဲဆိုတာကိုပေါ့” လို့ Merry က ပြောကြားခဲ့ပါတယ်။

Ref: Mirror 

No comments

Powered by Blogger.