ပြီးပြည့်စုံတဲ့ selfie ဓာတ်ပုံတစ်ပုံရိုက်ဖို့ဆိုရင် ဒီအချက်တွေလိုအပ်ကြောင်း သုတေသနပညာရှင်တွေ ဖွင့်ဟ




ဘယ်နေရာရောက်ရောက် ဖုန်းလေးထုတ်ပြီး selfie ဓာတ်ပုံရိုက်တတ်ကြတဲ့ မမတွေအတွက် သတင်းကောင်းပါပဲ။ ဒီလေ့လာမှုတစ်ခုကို သုတေသနပညာရှင် Andre Karpathy က ပြုလုပ်ခဲ့တာဖြစ်ပြီး selfie ပုံပေါင်းများစွာထဲကမှ လူကြိုက်အများဆုံး ပုံတွေထဲက အချက်တွေကို ပြန်လည်ထုတ်နှုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ှSelfie ဓာတ်ပုံကောင်းတစ်ပုံ ထွက်လာဖို့ သင်လုပ်ဆောင်ရမယ့် အချက်က (၅) ချက်တည်းပါ။ အဲ့ဒီအချက်တွေကတော့
၁။မိန်းကလေး၊ အမျိုးသမီးတွေဟာ selfie ဓာတ်ပုံရိုက်တဲ့အခါ ပိုလူကြိုက်များကြပါတယ်။ အမျိုးသားတွေက ရွေးချယ်ခံရတဲ့ ထိပ်ဆုံးက ပုံ ၁၀၀ထဲမှာတောင် မပါဝင်ခဲ့တဲ့အတွက်ပါ။
၂။ ဓာတ်ပုံတစ်ခုလုံးမှာ သင့်မျက်နှာဟာ ပုံရဲ့သုံးပုံတစ်ပုံ နေရာလောက်ရှိနေရပါတယ်။ ပေါ့ပေါးပါးပါးလေး ပို့စ်ပေးထားရမှာဖြစ်ပြီး သင့်ပို့စ်ပေးတဲ့အပိုင်းကလည်း အလယ်ကျတာတွေ၊ အောက်အရမ်းကျလွန်းတာတွေ မဖြစ်စေပဲ ဓာတ်ပုံ အပေါ်ပိုင်းရဲ့ အလယ်မှာသာ ရှိနေသင့်ပါတယ်။
၃။ ဆံပင်ရှည်တဲ့ ပျိုမေတွေရဲ့ selfie ဟာ ပိုလူကြိုက်များကြပါတယ်။
၎။ ဓာတ်ပုံ filter တွေ သုံးပါ။
၅။ဖြစ်နိုင်ရင် ဓာတ်ပုံအနားသတ်လေးတွေကို ဘောင်လေးတွေနဲ့ သေချာပြင်လိုက်ပါ။
ဒီအချက် (၅) ချက် ပြည့်စုံနေမယ်ဆိုရင် သင့် selfieဓာတ်ပုံဟာ ကြည့်ရတာ အဆင်ပြေနေမှာ ဖြစ်ပြီး ကြည့်ရှုသူတွေနှစ်ခြိုက်တဲ့ ပုံ မလွဲမသွေ ဖြစ်နေပါလိမ့်မယ်။
Powered by Blogger.