ဇနီးသည် မီးဖွားနေချိန်မှာ Selfie ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်ခဲ့တဲ့ အမျိုးသား




ဒီတစ်ပတ် တနင်္လာနေ့တုန်းက Reddit အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ Solanoဟာ သူ့အမျိုးသမီး ကလေးမီးဖွားချိန်အတွင်း selfie ဓာတ်ပုံတွေရိုက်ပြီး အင်တာနက်ပေါ် တင်ခဲ့ပါတယ်။ ပုံစာမှာတော့ "ကျွန်တော့်အမျိုးသမီးက သူကလေးမီးဖွားခါနီး သူ့မျက်နှာအသွင်အပြင် ဘယ်လိုရှိတယ်ဆိုတာ သိရအောင် ကျွန်တော့်ကို selfie ဓာတ်ပုံ ရိုက်စေချင်ခဲ့ပါတယ်။ ဒီပုံလေးက ကျွန်တော်သမီးလေး ဖွားမြင်နေချိန်အတွင်း ရိုက်ဖြစ်ထားတဲ့ selfie ပုံလေးပါ"လို့ ရေးထားပါတယ်။
ပုံထဲက အမျိုးသမီးရဲ့ပုံဟာ နာကျင်လို့အော်နေရပေမယ့် ကြည်လင်ပြီး ကြည့်ကောင်းနေတာမို့ အင်တာနက်အသုံးပြုသူတွေက ကလေးမိခင်ကို ၀ိုင်းပြီးချီးကျူးခဲ့ကြပါတယ်။
Daily Mail မှာဖော်ပြထားချက်အရ Solano ဟာ သူ့အမျိုးသမီးကို ကလေးမီးဖွားတုန်းက ဓာတ်ပုံတွေ ပြသခဲ့ပါတယ်။ ဒါ့အပြင် အင်တာနက်အသုံးပြုသူတွေ ၀င်ရောက်ရေးသားထားတဲ့ ကွန်မန့်တွေကိုလည်း ဖတ်ပြခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ သမီးလေးဟာ ၇ပေါင်နဲ့၆အောင်စရှိပြီး ကျန်းကျန်းမာမာပဲလို့သိရပါတယ်။
Ref:thefrisky
Powered by Blogger.