နောက်ဆုံးထွက် Samsung Gear S2 စမတ်နာရီ စတင်ဝယ်ယူနိုင်


နာက်ဆုံးပေါ်နည်းပ ညာများဖြင့်ဖန်တီးထားပြီး မိုဘိုင်း ဖုန်းများဖြင့် ချိတ်ဆက်အသုံးပြု နိုင်သည့် စမတ်နာရီ Samsung Gear S2 ကို နိုဝင်ဘာ ၂၁ ရက် မှစ၍ ပြည်တွင်း၌ စတင်ဝယ်ယူ နိုင်ပြီဖြစ်ကြောင်း Samsung မြန် မာရုံးခွဲမှ သတင်းထုတ်ပြန်ထား သည်။

Samsung Gear S2 သည် ရိုးရှင်းသော အသုံးချမျက်နှာပြင် နှင့်အတူ တစ်မူထူးခြားပြီး လှည့် ၍ရသော နာရီဘေးဘောင်နှင့်အ တူ Home နှင့် Back ခလုတ်များ ပါဝင်၍ သုံးစွဲသူများအနေဖြင့် စမတ်ဖုန်းပေါ်မှ Notifications နှင့် App များကို ပိုမို လျင်မြန်ပြီး တိကျသေချာသော နည်းစနစ်များ ဖြင့် အလွယ်တကူ ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

အဆိုပါစမတ်နာရီသုံးစွဲသူ များအနေဖြင့် ပြက္ခဒိန်၊ အီးမေးလ် များနှင့် သတင်းအချက်အလက် များကို အလွယ်တကူကြည့်ရှုနိုင် မည်ဖြစ်ပြီး နာရီပေါ်မှ မက်ဆေ့ခ်ျ ပြန်ပို့ခြင်းများလည်း ပြုလုပ်နိုင် မည်ဖြစ်သည်။

ထို့အပြင် ကျန်းမာရေးဆိုင် ရာလုပ်ဆောင်ချက်အသစ်များ ပါဝင်သည့် App တစ်ခုပါဝင်ပြီး သုံးစွဲသူများအား ကျန်းမာစွာ နေ ထိုင်နိုင်စေရန် တိုက်တွန်းလှုံ့ဆော် ပေးမည်ဖြစ်သည်။ ၂၄ နာရီ Activity Log ဖြင့် သုံးစွဲသူ၏နေ့ စဉ်လှုပ်ရှားမှုများနှင့် တိုးတက်မှု ပုံစံများကို ကြည့်ရှုနိုင်မည်ဖြစ်ကာ ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှု များအတွက် လှုံ့ဆော်ပေးမည့် Reminder Update များလည်း မကြာခဏ ပေးပို့သွားမည် ဖြစ် သည်။ Gear S2 ကိုပေါ့ပါး၍ကျစ်လျစ်သော ဒီဇိုင်းဖြင့် ဖန်တီးထား ပြီး ၁၁ ဒသမ ၄ မီလီမီတာမျှသာ ထူသောကိုယ်ထည်တွင် ရုပ်ထွက် အရည်အသွေး(302 ppi)ရှိသော ၁ ဒသမ ၂ လက်မ မျက်နှာပြင် တပ်ဆင်ပေးထားကာ Samsung ၏ကိုယ်ပိုင် OS ဖြစ်သော Tizen OS နှင့် 1-GHz Dual Core ပရို ဆက်ဆာကို ထည့်သွင်းပေးထား ပြီး နှစ်ရက် မှ သုံးရက်အထိ ဆက် တိုက်သုံးနိုင်မည့် ဘက်ထရီကို ထည့်သွင်းပေးထားသည်။

Gear S2 ကို ၃၄၅,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပြီး Leather လက်ပတ်ကြိုးပါ ဝင်သည့် Classic ဗားရှင်းကိုမူ ၃၇၅,၀၀၀ ကျပ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်သည်။

7day daily

No comments

Powered by Blogger.