Myanmar Aquariums ငါးပြတိုက် ပြည်သူများ လေ့လာ"ကြည့်ရှုနိုင်တော့မည်
်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် Myanmar Aquariums ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောက် လုပ်လျက်ရှိသော ကန်တော်ကြီး နတ်မောက်လမ်း၌ ဆောက်လုပ်နေသည့် နိုင်ငံတကာ အဆင့်မီ Myanmar Aquariums ငါးပြတိုက်အား ပြည်တွင်း၊ ပြည်ပ အများပြည်သူများ လေ့လာကြည့်ရှုနိုင်စေရန် ဆောင်ရွက်လျက် ရှိသည်။ စင်ကာပူနိုင်ငံရှိ Surbana မှ ဒီဇိုင်းရေးဆွဲပေးထားသော Myanmar Aquariums ငါးပြတိုက် အဆောက်အအုံ ဆောက် လုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် Myanmar Aquariums ကုမ္ပဏီလီမိတက်တို့က နှစ် ရှည်ငှားရမ်းစာချုပ်ဖြင့် တွဲဖက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လက်ရှိအနေအထားအရ Myanmar Aquariums ငါးပြတိုက် ဆောက်လုပ်ရန်အတွက် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်သည့်တိုင် လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကာ ကန်တော်ကြီးအတွင်းရှိ မြေငါးဧကကို နိုင်ငံတကာအဆင့်မီ ငါးပြတိုက် ဆောက်လုပ်ရန်အတွက် လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။ ယခင် ကနဦး ငါးပြတိုက်မှာ ရေချို ငါးဥယျာဉ်သာဖြစ်ပြီး လက်ရှိ Myanmar Aquariums ကုမ္ပဏီလီမိတက်က ဆောက်လုပ်နေသော ငါးပြတိုက်မှာ ရေ ချို၊ ရေငန် နှစ်မျိုးနှစ်စား ပါဝင်သော ငါးပြတိုက် ဖြစ်လာမည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ မြောက်ဖျားဒေ သဖြစ်သော မေခ၊ မလိခမြစ်များမှ စီးဆင်းလာသည့် ရေချိုငါး အမျိုးအစားများ၊ ရခိုင်ကမ်းရိုးတန်း ပင်လယ်ဒေသရှိ ငါးအမျိုးအစားများ၊ ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ငါးများကို အဆိုပါ Myanmar Aquariums ငါးပြတိုက်အတွင်း အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ကြစေရန်အတွက် ထည့်သွင်းပြသသွားမည် ဖြစ်သည်။ Myanmar Aquariums ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးသိန်းဇော်က ''လက်ရှိ ရှိနေတဲ့ ငါးလေးတွေကို ကျွန်တော်တို့က ထိန်းသိမ်းထား ပါတယ်။ နဂိုမူလရှိနေတဲ့ ငါးပြတိုက်နေရာကို ဖျက်ပြီး အစအဆုံး ပြန်ဆောက်လုပ်လိုက်တာပါ။ နောက်တစ်ခု တစ်မူ ထူးခြားတာကတော့ ဒီပြတိုက်မှာ နိုင်ငံတကာ အဆင့်မီ ရေအောက်ဥမင်လည်း ပါလိမ့်မယ်။ အဲဒီတော့ လာရောက် ကြည့်ရှုကြတဲ့ ပရိသတ်က ဥမင်ထဲ ဝင်ရောက် လျှောက်လည်နိုင်ကြပြီး တကယ့် ပင်လယ်ရေအောက် ရောက် သွားသလိုမျိုး ခံစားနိုင်အောင် ဆောင်ရွက်ထားပါတယ်'' ဟု ပြောကြားသည်။ လက်ရှိ အနေအထားအရ Myanmar Aquariums ငါးပြတိုက် အတွက် ဖောင်ဒေးရှင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်သည့်အတွက် လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကာ ငါးကန်များ ဆောင်ရွက်ရန်နှင့် ငါးများစုဆောင်းရန်အတွက် စီစဉ်လျက် ရှိကြောင်း သိရသည်။ ပြည်တွင်း ပြကွက်များအတွက် ပြည်တွင်းငါးများကို စုဆောင်းသွားမည် ဖြစ်ပြီး ပင်လယ်ငါးများ စုဆောင်း ရန်အတွက် ပြည်ပမှ မှာယူသွားမည် ဖြစ်သည်။ အဆောက်အအုံ ပုံစံသစ်မှာ Steel Structure နှစ်ထပ်ခွဲ အမျိုးအ စားဖြစ်ပြီး ငါးပြကွက်ပေါင်း ၂ဝ ကျော်ကို ပါဝင်ပြသသွားမည် ဖြစ်သည်။ ပြည်တွင်း ပြကွက်အတွက် ငါးအမျိုးအ စားပေါင်း ထောင်ချီပြသသွားမည် ဖြစ်ပြီး ပြည်ပပြကွက် အတွက်လည်း ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ အမျိုးအ စားများ ထည့်သွင်း ပြသသွားမည် ဖြစ်သည်။ နိုင်ငံတကာ အဆင့်မီ Myanmar Aquariums ငါးပြတိုက် တည်ဆောက် ပြီးစီးပြီဆိုပါက လာရောက်ကြည့်ရှုကြမည့် လူဦးရေ ခန့်မှန်းချက်အရ တစ်ရက်လျှင် လူဦးရေ ၃ဝဝဝ နီးပါး လာရောက် ကြည့်ရှုနိုင်ကြကြောင်း၊ လာရောက် ကြည့်ရှုကြမည့် ပြည်သူများအတွက် ငါးပြတိုက် အဝင်ဝ၌ ငါးအမျိုးအစားများ အကြောင်းနှင့် ပြကွက်များကို ရှင်းလင်းပြောကြားပေးခြင်း၊ အချို့ငါးပြကွက်များရှိ ငါးများကို ကလေးငယ်များက ပျော် ရွှင်မြူးထူးစွာ ဆော့ကစားနိုင်အောင် စီစဉ်ထားခြင်းတို့ ပါဝင်ကြောင်း၊ အဆိုပါ နိုင်ငံတကာအဆင့်မီ Myanmar Aquariums ငါးပြတိုက် စီမံကိန်းကို ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းက စတင်အကောင်ထည်ဖော် ဆောင် ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်ဟု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားပါသည်။ "
No comments