စမတ်ဖုန်းအသုံးပြုသူ ၈၀ ရာခိုင်နှုန်းမှာ Cybersickness ခေါ် ဒီဂျစ်တယ်မူးမှုရောဂါ ခံစားနေရ
-------------------------------------------------------------
မိုဘိုင်ဖုန်းအသုံးပြုမှုကျယ်ပြန့် လာခြင်းဟာ လူမှုဆက်ဆံရေးပိုင်းမှာ ညံ့ဖျင်းမှုတွေဖြစ်လာသလို ခန္ဓာကိုယ်မှာ လည်း ရောဂါတွေ စွဲကပ်လာစေနိုင်ပါတယ်။ ယခုအခါမှာတော့ သိပ္ပံပညာရှင်တွေဟာ ကား၊ ရထားတို့ နဲ့ ခရီးသွားလာတဲ့အခါ မူးဝေအော့အန်တတ်တဲ့ motion sickness ရဲ့ ဒီဂျစ်တယ်ဗားရှင်းဖြစ်တဲ့ ‘Cybersickness’ ဆိုတဲ့ ရောဂါအခြေအနေတစ်မျိုးကို ဖော်ထုတ် နိုင်လိုက်ပြီ ဖြစ်ပါတယ်။
ဒီ ရောဂါဖြစ်စဉ်ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်ပိုင်ဆိုင်သူတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို စွဲကပ်နေပြီး ဒီရောဂါကနေ မအီမသာအော့အန်ချင်စိတ်၊ တုန်ယင်မူးဝေမှုတွေ ဖြစ်စေနိုင်ပါတယ်။ စမတ်ဖုန်း စခရင်တွေကို ပွတ်ရာကနေ မြင်ရတဲ့ မြန်ဆန်တဲ့ရွေ့ လျားမှုတွေကြောင့်နဲ့ ပိတ်ကားပေါ်က ကားဖိုက်ခန်းလို မြန်ဆန်တဲ့ ဇာတ်ဝင်ခန်းတွေကို ကြည့်တာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်မြင်ရတဲ့ ပုံရိပ်ဟာ သဘာဝကျလေလေ၊ ဆိုက်ဘာမူးဝေမှု ရနိုင်လေလေဖြစ်တယ်လို့ ဆိုပါတယ်။
Motion Sickness ခေါ် ကားမူးတာဟာ အပြင်ကရွေ့ သွားတဲ့လှုပ်ရှားမှုကို ခန္ဓာကိုယ်ကြွက်သားတွေနဲ့  နားအတွင်းပိုင်းက သိရှိခံစားမိပေမယ့် မမြင်ရတာကြောင့် အော့အန်မူးဝေ စိတ်တွေခံစားရတာ ဖြစ်ပါတယ်။ယခု ဒီဂျစ်တယ်မူးမှု ကတော့ ဆန့် ကျင်ဘက်ဖြစ်ပြီး စခရင်ပေါ်မှာ လှုပ်ရှားမှုတွေကို မြင်နေရပေမယ့် လူက မခံစားရတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ရောဂါအကျိုးဆက်တွေကတော့ အတူတူပဲဖြစ်ပြီး၊ ခေါင်းကိုက်မယ်၊ အော့အန်ချင်သလိုဖြစ်မယ်၊ စိတ်ရှုပ်ထွေး မှုတွေဖြစ်ကာ ငြိမ်ငြိမ်လေးသာ ထိုင်နေချင်စိတ်တို့ ဖြစ်ပါတယ်။ ဒီဂျစ်တယ်မူးမှုမှာ မျက်လုံးညောင်းကိုက်မှု နဲ့  စိတ်ဖိစီးမှုဝင်ရောက်တာတွေလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။
ဒီဂျစ်တယ်မူးမှုကို လေ့လာထားချက်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုဖြစ်နိုင်တယ်လို့  သိရပါတယ်။ ဒီရောဂါ အခြေအနေခံစားနေရကြောင်း အစီရင်ခံထားသူတွေကတော့ ဇာတ်ကွက်မြန်ဆန်တဲ့ ဂိမ်းတွေကို နာရီကြာ ကစားလေ့ရှိတဲ့ ဗီဒီယိုဂိမ်မာတွေဖြစ်ပါတယ်။ Virtual Reality headset ထုတ်လုပ်သူ Oculus က အင်ဂျင်နီယာတွေကလည်း ဒီဂျစ်တယ်မူးမှုဟာ သူတို့ ရဲ့အကြီးမားဆုံးပြဿနာတစ်ခု ဖြစ်တယ်လို့  ၀န်ခံထားပါတယ်။
Ref: Dailymail
No comments