အာဖရိကတွင် အလေးချိန် ၁၁၁၁ ကာရက်ရှိ ကမ္ဘာ့ဒုတိယအကြီးဆုံး စိန်တုံးအားတွေ့ရှိ


 အမေရိကန် CNN သတင်းဌာန၏ နိုဝင်ဘာလ ၁၉ ရက်နေ့ သတင်းအရ ကနေဒါနိုင်ငံရှိ Lucara စိန်ကုမ္ပဏီမှ ယခုအပတ် တနင်္လာနေ့တွင် အာဖရိကတောင်ပိုင်းနိုင်ငံ Botswana တွင်အလေးချိန် ၁၁၁၁ ကာရက်ရှိစိန်တုံးအား တူးဖော်ရရှိခဲ့ကြောင်း သိရှိရသည်။


ယင်းစိန်တုံးကြီးသည်ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးဖြစ်ကာ တချိန်တည်း၌ ရာစုနှစ်တစ်ခုထဲတွင် တွေ့ရှိရသော အကြီးဆုံးစိန်တုံးဖြစ်သည်ဟုလည်း ကြေငြာခဲ့သည် ။

အဆိုပါသတင်းကို ထုတ်ပြန်ကြေငြာ လိုက်သည်နှင့် Lucara ကုမ္ပဏီ၏ စတော့ရှယ်ရာ များမှာ ၃၂ % သို့မြင့်တက်သွားကာ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ ဒေါ်လာသန်း ၁၅၀ ထိတိုးတက်သွားခဲ့သည် ။


Lucara ကုမ္ပဏီ၏ CEO William Lamb မှ ကုမ္ပဏီအနေဖြင့် ၎င်းစိန်တုံးအား မည်သည့်အချိန်တွင် မည်သည့်ပုံစံ ဖြင့် ဈေးကွက်တို့ဖြန့်ချီ မည်ကို မဆုံးဖြတ်ရသေးကြောင်း ၊ လက်ရှိတွင်အဆိုပါ စိန်တုံးအားဈေးနှုန်းအား မသတ်မှတ် နိုင်သေးကြောင်း ပြောကြားခဲ့သည်။ Lucara မှ တချိန်းတည်းတွင် အလေးချိန် ၈၁၃ ကာရက် နှင့် ၃၇၄ ကာရက် ရှိရှားပါးသော စိန်ဖြူနှစ်တုံးအားလည်း တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည် ။

china.com Myanmar
https://www.facebook.com/china.com.mm/

No comments

Powered by Blogger.